စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း “မြောက်ခြမ်းကျေးရွာများသပိတ်”က ရဲဘော်အောင်ဇေကျဆုံးခြင်း ၂နှစ် နှင့် ၅လပြည့်အဖြစ် ကျဆုံးရဲဘော် ဂူဗိမာန်ရှေ့မှာ ဦးညွှတ်အလေးနီပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း “We Stand With Ukraine” စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်
