close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နဲ့ စခန်းကို စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နဲ့ စခန်းကို မတ်လ ၂၀ရက် မနေ့ မနက် အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အဝင် တာဆုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် ဂိတ်နဲ့ စခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ၃၈၀၂၊ တပ်ခွဲ ၂

မတ် ၂၁၊ ၂၀၂၅။ ကျော်ဇော၊အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နဲ့ စခန်းကို မတ်လ ၂၀ရက် မနေ့ မနက် အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကွင်းတာဆုံမှာ ဂိတ်စခန်းချကာ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင်စီတပ်သားများကို မနေ့ မနက် ၁ နာရီခွဲခန့်မှာ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ ရဲဘော်များက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စကစတွေ အိပ်မောကျနေတဲ့ မနက် ၁ နာရီခွဲလောက်မှာ ဝင်တိုက်တာပါ။ အပြန်အလှန်ပစ်တာ၂ နာရီလောက်ကြာတယ်။ စကစ ဘက်က ၂ နာရီလောက်ကြာတော့ ပြန်မပစ်ဘဲ မနည်းကြာကြာရပ်သွားပြီးမှ စက်လတ်နဲ့ဆက်တိုက်ပစ်ပြီး စစ်ကွင်းဘက်ကို အလောင်းတွေသယ်ထွက်ပြေးတာ”လို့ တပ်ခွဲ ၂ တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားများ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတာကြောင့် စခန်းအတွင်းမှ ကာဘိုင်သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည် ၂၀ တောင့်၊ စစ်အသုံး အ ဆောင်တချို့နဲ့ ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ဘန်ကာမှာ ပြန်လည်လုံခြုံရေးယူနေတဲ့ စစစ်ကောင်စီတပ်သားများကို မတ်လ ၂၁ရက် ဒီနေ့ မနက်ပိုင်းမှာ အဝေးထိန်းဗုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးနေရာမှာ သေဆုံးပြီး လေးဦး ဒဏ်ရာရရှိသွားတယ်လို့ တပ်ခွဲ ၂က ဆိုပါတယ်။

” မနေ့က တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ စစ်တပ်ကားတွေ မင်းလှဆေးရုံထဲကို လာတယ်။ သေတာက ၇ဦးတဲ့။ အရာရှိတွေပါ၊မပါတော့မသိဘူး”လို့ မင်းလှမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါဘူး။

ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း” ၃၈၀၂ တပ်ခွဲ(၂)ကတိုက်တာဗျ။ စခန်းကိုမီးရှို့ခဲ့တယ်လို့ကြားတယ်။ ကျနော်တို့အဲ့လောက်ပဲသိထားတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ရက်ကလည်း ပြည်-ပေါက်ခေါင်းလမ်းပိုင်းမှာ စစ်ကောင်စီ ထောက်ပို့ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးခဲ့ပါတယ်။

ပဲခူးတိုင်းအတွင်း ပန်းတောင်မြို့၊ ဥသျှစ်ပင်မြို့တွေက စစ်ကောင်စီစခန်းတွေကိုလည်း အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

Facebook