close
Connect with us

Hi, what are you looking for?

သတင်း

ဘော်လခဲမြို့တိုက်ပွဲပြင်းထန်း​နေ

KNDF ဒုစစ်ဦးစီးချုပ်က စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများရရှိ​သော သတင်းဓါတ်ပုံများကိုထုတ်​ဖော်ပြသ

ဘောလခဲမြို့တိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓါတ်ပုံ-KNDF

မတ်-၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီ အခြေ စိုက်စခန်းများ၊တပ်ရင်းများကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသည်။

မတ်လ ၁၉ ရက်တွင် ကရင်နီပူးပေါင်းတပ်က ဘောလခဲ မြို့ရှိစစ်ကောင်စီအခြေစိုက်ရာနေရာအချို့ကိုထိုး စစ် ဆင်ခဲ့​နေရာ မတ်လ ၂၁ ရက်အထိ တိုက်ပွဲ များပြင်းထန်နေသည်။

“မင်းတို့တောင်းတလွန်းတော့လည်း တင်ပေးရတာပေါ့ ဘောလခဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ၅၁၅ တို့ လ ၁ တို့ ဘာတွေဖြစ်နေလဲဆိုတာ မင်းတို့ရဲ့ ဗျူဟာမှူးကို မေးကြည့်ပေါ့ ။ကိုယ့်ဟာကိုယ် Aာ Tာ ဖြေတာတော့ SAC လော်ဘီလောက်တော်တာမရှိ ။ဗကမျိုးမင်းသူရဲ့ အမျိုးအဆွေများလည်း သိပြီလား မသိသေးဘူးလားတော့ မပြောတတ် မသိသေးရင်လည်း ဘုန်းကြီးပင့်လိုက်အုံးလို့ပဲ လှမ်းပြောပါရစေ”ဟု ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် မတ်လ ၂၁ ရက်ညပိုင်းတွင် ​ဘော်လခဲတိုက်ပွဲ နှင့် ပတ်သက်၍ရေးသားဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNDF ဒုစစ်ဦးစီးချုပ်က သတင်းဓါတ်ပုံ ​လေးပုံကိုလည်း မျှ​ဝေထားရာ စစ်​ကောင်စီတပ်မှ လက်နက်မျိုးစုံ ၁၈ လက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိထားမှု ၊ စစ်သုံ့ပန်း ၇ ဦးကိုဖမ်းဆီးထားမှု နှင့် ​ခြေလျင်တပ် ဒုတပ်ရင်းမှူးအဆင့်ဖြစ်​သော ဗိုလ်မှူး ၁ ဦး ၏ လက်​မောင်း​ပေါ်မှ အပွင့်အခတ် ဓါတ်ပုံတို့ ပါဝင်သည်ကို​တွေ့ရသည်။

ကရင်နီပြည်နယ်၏ အလယ်ဗဟိုချက်တွင်ရှိသော ဘောလခဲ မြို့ကို ကရင်နီတပ်​ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်​နေရာ ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးထိခိုက်မှုလည်းရှိသည်။

“KNDF နဲ့ KA က ရဲဘော်လေးဦး ကျထားတယ်။ထိခိိုက်တဲ့သူလည်းရှိတယ်”ဟု ကရင်နီရဲဘော်တစ်ဦးက ပြောသည်။

ဘောလခဲ မြို့ရှိစစ်ကောင်စီစခန်းများ၊တပ်ရင်းများကို တိုက်ခိုက် နေမှုကို KNDF နှင့် ဘောလခဲ အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ထံ People’s Spring က ဆက်သွယ်မေး မြန်းနေဆဲ ဖြစ်သည်။

“ခမရ( ၅၁၅) က စကခ( ၂) လက်အောက်ခံ လ (၁ )ဆိုတာက ပဲခူတိုင်းအခြေစိုက် တပ်မ( ၆၆) လက်အောက်ခံ ခလရ (၁ )ပါ။ဘောလခဲ မှာ မြို့စောင့်တပ်တွေအပြင် အင်အား ၅၀၀ လောက်ထပ်ဖြည့်ထားတာရှိတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

စစ်ဘက်သတင်းအချက်များအရ ဘောလခဲမြို့တွင် အခြေချစစ်ဗျူဟာ၊ ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိသည့်အပြင် ရှမ်း ပြည်နယ်အခြေ စိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားသည်။

လက်ရှိ ကရင်နီပြည်တွင် မိုးဗြဲ မြို့အပါအဝင် ကရင်နီပြည်တပ်မတော်(KA) သိမ်းပိုက်ထားသည့် ထိုင်း-ကရင်နီ နယ်စပ်ဒေသတို့တွင် တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

Facebook