ကဖေး/ People’s Spring
စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်နေသည့် ချင်းတိုင်းရင်းသားအဆိုတော် ယောကီးသည် တော်လှန်ရေးကာလအတွင်း ချင်းတောင်ပေါ်မှ ၎င်း၏နေအိမ်သို့ ပထမဆုံးအကြိမ် အရောက်ပြန်နိုင်ခဲ့ပြီဖြစ်သည်။
“နောက်ဆုံး ၅ နှစ်မြောက်မှာတော့ နေအိမ်ကို ပြန်ရောက်နိင်ခဲ့ပြီ။မိသားစု စုံစုံလင်လင်နဲ့ နေခဲ့တဲ့အိမ်လေး အမှတ်တရပေါင်းများစွာကို တွေးရင်းနဲ့ တိတ်တိတ်လေး အဝ ငိုခဲ့ရတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု ရေးသားပြီး ငါးနှစ်တာဝေးကွာခဲ့ရသော အိမ်သို့ ခဏတာ ပြန်ခဲ့ကြောင်း အသိပေးထားသည်။
တစ်ထပ်အိမ် အနီ ရောင်သွပိမိုးပျဉ်ထောင်အိမ်ကလေးနှင့်အလွမ်းပြေရိုက်ကူးထားသည့်ဓာတ်ပုံသုံးပုံကိုလည်း ယောကီးက ဖော်ပြထားသည်။

Public Service Announcement
ယောကီးသည် နာမည်ကြီးအဆိုပြိုင်ပွဲဖြစ်သည့် Myanmar Idol တွင်စစ်တပ်အာဏာမသိမ်းခင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အခိုင်အမာရရှိခဲ့သူဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး အမြဲတမ်းလိုလို ပြုံးရွှင်နေတတ်သည့်သူ့ကို ပရိတ်သတ်နှင့် သူငယ်ချင်းအပေါင်းအသင်းများက ချစ်ခင်ကြသည်။ သူနှင့်အတူပါဝင်ယှဉ်ပြိုင်ခဲ့သည့် ချင်းတိုင်းရင်းသားအဆိုတော်အချို့လည်းချင်းလူထုတော်လှန်ရေး၌ ပါဝင်နေသည်။
ချင်းတော်လှန်ရေးတပ်များသည် ချင်းပြည်နယ်အတွင်း မင်းတပ် ၊မတူပီ ၊ မကွီအိမ်နူး ၊ လိုင်လင်းပီ ၊ ဝေဘူလ ၊ကန်ပက်လက်၊ကျင်ဒွေးမြို့တို့ ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ထိုအပြင် ပလက်ဝ နှင့်ဆမီးမြို့ များကို အာရက္ခတပ်တော်နှင့်ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားသည်။
ထိုအပြင်ဖလမ်းနှင့်တီးတိန်မြို့ကိုအပြီးသတ်သိမ်းနိုင်ရေး စစ်ရေးဖော်ဆောင်နေသည်။
