close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်​ဆွေး​နွေပွဲမတိုင်ခင် စစ်ကောင်စီက နောင်ချို မြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA)တို့ တွေ့ဆုံဆွေးနွေးရန်စီစဉ်နေချိန်တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၀ရက်က မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

People’s Spring

တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA) တို့ တွေ့ဆုံဆွေးနွေးရန်စီစဉ်နေချိန်တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ စစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် မနက်ဖြန် (ဖေဖော်ဝါရီ ၁၆ရက်)တွင် တွေ့ဆုံမှုများစတင်မည်ဟု TNLA က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့သို့ အသိပေးထုတ်ပြန်သည့်နေ့တွင်ပင် စစ်ကောင်စီက TNLAထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို လက်နက်ကြီးနှင့် Y-12 လေယာဥ် အသုံးပြုပြီး ဗုံး ၁၇၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAက ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးနှင့် Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။

ထို့အပြင်နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မသီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့ကို ဖေဖော်ဝါရီ ၁၅ရက်တွင် တောင်ခမ်းစခန်းမှ ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နှင့် တပ်ရင်း (၉၀၂)တို့မှ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ဟည်ဟု ထပ်မံအသိပေးထားသည်။

ထိုနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် နာဆွေကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ဟည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံး (၂၀)ခန့် ကြဲချတိုက်ခိုက်မှုကြောင့်ဒေသခံ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည့် PSLFကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ပြီး၊ စစ်ကောင်စီကိုယ်စားလှယ်ဖက်မှ MNDAAကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၁၀နာရီမိနစ် ၂၀ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ထဲကကျေးရွာတွေကို မနေ့ညပိုင်းကနေ ဒီနေ့မနက်အထိ တညလုံးစစ်တပ်ကလေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ်ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၇ ဦးသေဆုံးပြီး လူ၂၀ ကျော်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက ကနဦးသိရပါတယ်။

Facebook