close
Connect with us

Hi, what are you looking for?

သတင်း

ရေကြည်အမြောက်တပ်(၃၄၄)ကို ပူးပေါင်းတပ်တိုက်ခိုက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်​ကောင်စီ၏ အမှတ် ၃၄၄ အမြောက်တပ်(အမတ၃၄၄) ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်​​​နေပြီး ရွှေ‌သောင်ယံနှင့် သာပေါင်းမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေကြောင်း ​ဒေသခံအချို့နှင့် စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

အမတ ၃၄၄ နှင့် ​ရေကြည့်မြို့ကို Google Earth တွင်​တွေ့ရမှု

■ရွှေသောင်ယံနှင့် သာပေါင်း၌စစ်ရေးတင်းမာ

ကဖေး/People’s Spring

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်​ကောင်စီ၏ အမှတ် ၃၄၄ အမြောက်တပ်(အမတ၃၄၄) ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်​​​နေပြီး ရွှေ‌သောင်ယံနှင့် သာပေါင်းမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေကြောင်း ​ဒေသခံအချို့နှင့် စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာရှိ အမတ (၃၄၄) ကို တော်လှန်ရေးပူးပေါင်းတပ်များက အနီးကပ်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း အမြောက်တပ်ထဲမှာနေ၍ပစ်ခတ်သလို စက်တပ်လေထီးများအသုံးပြု၍ခုခံတိုက်ခိုက်နေကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကတအုံ့နွေးနွေးဖြစ်နေတာကနေပိုပြီးကြမ်းလာတယ်။ စက်တပ်လေထီးတွေ မြို့ပေါ်မှာပျံနေတယ်။ ချနေတာကတော့ မြောက်စမ်းအမြောက်တပ်ကိုချနေတာ”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

အာရက္ခတပ်တော် AA က ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလအတွင်း သိမ်းယူပြီးနောက် ဂွမြို့နှင့် ဆက်စပ်နေသော ရေကြည်မြို့မှ အမြောက်တပ်(၃၄၄) ကို စစ်ကောင်စီက အင်အားတိုးချခဲ့သည်။

ဟင်္သာတမြို့မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျုံပျော်မြို့အခြေစိုက် ခလရ(၃၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်းများကို အမတ(၃၄၄)သို့ပို့၍ ခံစစ်ပြင်ဆင်ထားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

​တော်လှန်​ရေးပူး​ပေါင်းတပ်များက ရေကြည်မြို့နယ်နှင့်ဆက်စပ်နေသော ဂွ-ငါးသိုင်းချောင်းလမ်းမှ ဗေဒါဂိတ်အပါအဝင် စစ်ကောင်စီစခန်းအချို့ကို ပြီးခဲ့သည့်ဒီဇင်ဘာလမှစတင် ၍ တိုက်ခိုက်ခဲ့ပြီး ယခုအခါ အမြောက်တပ်ကိုတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

သို့​သော်တိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ယခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စက်တပ်လေထီးတစ်စီးကို တော် လှန်ရေးပူးပေါင်းတပ်များက ပစ်ချလိုက်နိုင်ကြောင်း သတင်းကြားရသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း အမတ(၃၄၄) အနီး၌ တိုက်ပွဲဖြစ်ပွားနေသလို သာပေါင်းနှင့် ရွှေ‌သောင်ယံမြို့နယ်တွင်လည်း စစ်ရေးဆက်လက်တင်းမာနေကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ဒီရက်ထဲတင် မကျီးဇင်ကို လေကြောင်းကနေလာပစ်လို့ ဒေသခံထိခိုက်သေဆုံးတာတွေရှိတယ်” ဟု ရွှေသောင်ယံမြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးကပြောသည်။

မကျီးဇင်ရွာသည် ပြီးခဲ့သည့်ဇန်နဝါရီလက စစ်ကောင်စီခံစစ်ပြင်ဆင်ထားစဉ် AAနှင့် ပူးပေါင်းတပ်များကတိုက်ခိုက်ရာ စစ်တပ်ဆုတ်ခွာထွက်ပြေးခဲ့ရသည်။ အဆိုပါရွာကို AAက ထိန်းချုပ်ထားသည်။ စစ်ကောင်စီက ရွှေသောင်ယံမြို့ပေါ်ကို အင်အားတိုးချထားပြီး မကျီးစင်ရွာကို လေကြောင်းမှမကြာခဏတိုက်ခိုက်ခြင်းဖြစ်သည်။

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်သုံးခုအပြင် ကျေးရွာများမှ ဒေသခံအများစုသည် ရန်ကုန်၊ ပုသိမ်၊ မအူပင်၊ ရေကြည်၊ ငါးသိုင်းချောင်းစသည့်​ဒေသများသို့ထွက်ပြေးရှောင်ခဲ့ကြသည်။

ထို့အပြင် ရွှေသောင်ယံနှင့်ဆက်စပ်နေ​သည့်သာပေါင်းနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ်အစပ်တွင် တိုက်ပွဲဆက်ဖြစ်နေသည်။

ဖေဖော်ဝါရီလ ၃ရက် နေ့ကလည်းသာပေါင်းမြို့နယ် ကျားခေါင်းရွာမှ စစ်ကောင်စီစခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ​ဒေသခံတဦးကပြောသည်။

ကျားခေါင်းရွာသည် ပြီးခဲ့သည့်ဇန်နဝါရီလ၁၆ရက်နေ့က AA သိမ်းယူခဲ့သည့် ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာနှင့် ဆက်စပ်တည်ရှိသည်။ ဘောမိရွာတိုက်ပွဲပြီးသည့်နောက်ပိုင်း သာပေါင်းမြို့နယ်အတွင်းတိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ကျားခေါင်းရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းမှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ လ၂၈ရက်နေ့ကတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းနိုင်ဦးသည် AA ၏စနိုက်ဘာကျည်ထိမှန်သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊မကွေးတိုင်းနှင့် ပဲခူးတိုင်းမှ မြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်နေကြောင်း AAက ဇန်နဝါရီလ၂၇ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မြို့နယ် ၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်​နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲ​တွေပြင်းထန်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများအနက် သုံ့ပန်းနှင့် မိသားစုဝင် ၁၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွတ်ပေးလိုက်သည်။

သတင်း

ကဖေး/People’s Spring ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးမြို့တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီထောင်ထားခဲ့သည့်မြေမြုပ်မိုင်းများကို အာရက္ခတပ်တော်(AA)က ရှင်းလင်း ရေးလုပ်ဆောင်နေသည်။ သျှစ်သောင်းဘုရားနှင့် ကိုးသောင်းဘုရားများအနီးဝန်းကျင်တွင် မိုင်ရှင်လင်း‌ ရေးလုပ်ဆောင်နေခြင်းဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ မြောက်ဦးမြို့ကို AAက ၂၀၂၄ ဖေဖော်ဝါရီ၂၈ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ မသိမ်းပိုက်မီ တိုက်ပွဲများပြင်းထန်နေစဉ် ၂၀၂၃...

သတင်း

ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ ဧရိယာ ကျယ်ပြန့်လာချိန်မှာပဲ ပုသိမ်အကျဉ်းထောင်ထဲ မှာ ထောင်တွင်း တင်းကျပ်မှုတွေ ကိုထောင်အာဏာပိုင်တွေက လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဆီကသိရပါတယ်။

Facebook