close
Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်အရန်တပ်ရင်းတွေမှာ စစ်ကောင်စီ စစ်သင်တန်းပေးနေ

တပ်အင်အားပြုန်းတီးမှုနဲ့အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ တက္ကသိုလ်တွေက ကျောင်းသူ ၊ ကျောင်းသား တွေကို တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ထဲဝင်စေပြီး စစ်သင်တန်းပေးမှုတွေ ပြန်လည်စတင်လာပါတယ်။

တက္ကသိုလ်အရန်တပ်ရင်း စစ်သင်တန်း ( ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဆိုင်းမင်း/People’ Spring

တပ်အင်အားပြုန်းတီးမှုနဲ့အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ တက္ကသိုလ်တွေက ကျောင်းသူ၊ ကျောင်းသား တွေကို တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ထဲဝင်စေပြီး စစ်သင်တန်းပေးမှုတွေ ပြန်လည်စတင်လာပါတယ်။

စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတွေထဲက နေပြည်တော် ၊ ရန်ကုန် ၊ ပုသိမ် ၊ ပဲခူး ၊ မော်လမြိုင် ၊ တောင်ကြီး တက္ကသိုလ်တွေမှာ တက္ကသိုလ်လေ့ကျင့်ရေးတပ် တွေရဲ့ စစ်သင်တန်းကို ဖေဖော်ဝါရီလ ၁၀ ရက် က စတင်တာလို့စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားတွေကို အခြေခံစစ်ပညာနဲ့ တန်းမြင့် စစ်ပညာသင်ကြားပေးမှာဖြစ်ပြီး အင်အားအရေအတွက် ကိုတော့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ မပါရှိပါဘူး။

Public Service Announcement

Public Service Announcement

တက္ကသိုလ်အရန်တပ်ရင်းထဲ တက္ကသိုလ်ကျောင်းသူ ၊ကျောင်းသားတွေ ဝင်ရောက်ကြဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ငံပိုင် သတင်းစာကနေ ဝါဒဖြန့် လှုံ့ဆော်ဖူးပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တက္ကသိုလ်အရန်တပ်ရင်းအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး တက္ကသိုလ်အရန်တပ်ရင်းတွေ စစ်သင်တန်းပေးတာကို စစ်ကောင်စီ တပ်ရဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ ညွှန်ကြားရေးမှုးရုံးက ကိုင်တွယ်တာပါ။

မြန်မာနိုင်ငံမှာ တက္ကသိုလ်အရန်တပ်ရင်းကို ကိုလိုနီခေတ် ၁၉၂၂ ခုနှစ် ၊ဇွန်လမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် အတွင်း ရပ်ဆိုင်းသွားခဲ့ပြီး ၁၉၅၂ ခုနှစ် မှာ တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) ကိုပြန်လည်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တက္ကသိုလ်အရန်တပ်ရင်းတွေကို စစ်အစိုးရက ဖွဲ့စည်းမပေးတော့ဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် မှာတော့ တက္ကသိုလ်တွေမှာ တကျော့ပြန် ဖွဲ့စည်းခဲ့တာပဲဖြစ်ပါ တယ်။

ဆက်စပ်သတင်းများ