close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်အာဏာရှင်စနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ဖို့ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၉)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ အတုအ ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ “အထွေထွေဖိနှိပ်မှုကို အံတုကြ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၈ရက်)မှာ အသီးသီးချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

တရားဥပဒေနှင့်မညီသည့် မြန်မာစစ်အုပ်စု စစ်ကောင်စီက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အမည်ခံအစီအစဥ်များကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ကြောင်း နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်း ၃ခုက ပူးတွဲကြေညာလိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ပြည်တွင်းစစ်ကျယ်ပြန့်လာတဲ့ကြားမှာ ရွေးကောက်ပွဲကျင်းမယ်ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အစီအစဥ်ဟာ ဦးစားပေးမဖြစ်သင့်ဘဲ တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။