close
Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူမြို့ကနေ တရားမဝင်တရုတ်နိုင်ငံသားတွေ ထွက်ခွာဖို့ DKBA အမိန့်ထုတ်

ထိုင်း -မြန်မာ နယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့ မှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အခုလ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ပကောင်း/People’s Spring

ထိုင်း -မြန်မာ နယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့ မှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အခုလ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဘုရားသုံးဆူမြို့ဆီ တရားမဝင် ရောက်ရှိလာပြီး စားသောက်ကုန်လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေ ၊ ကာစီနိုလောင်းကစား လုပ်ငန်းနဲ့ လောင်းကစား ဂိမ်းရုံ လုပ်ငန်း လုပ်ကိုင်နေတဲ့ တရားမဝင်တရုတ်နိုင်ငံသားတွေ ထွက်ခွာ ဖို့ DKBA နည်းဗျုဟာမှုး ဗိုလ်မှုးကြီး စောအေဝမ်းက အမိန့်ထုတ်တာပါ။

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ ထိုင်းအစိုးရက ဘုရားသုံးဆူအပါအဝင် ထိုင်းနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်မြို့တွေကို လျှပ်စစ်မီးနဲ့ လောင်စာဆီဖြတ်တောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ဖြတ်တောက်ခံရတဲ့အတွက် ဘုရားသုံးဆူမြို့ခံတွေ လူမှုစီးပွားဘဝထိခိုက်ခံစားနေရတယ်လို့ ဘုရားသုံးဆူမြို့ကို ကြီးစိုးထားတဲ့ DKBA နည်းဗျုဟာမှုး ဗိုလ်မှုးကြီးစောအေဝမ်းက ဒီနေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဘုရားသုံးမြို့မှာ ကျားဖြန့် နဲ့ အွန်းလိုင်းလောင်းကစား လုပ်ငန်းတွေ လုပ်ဆောင်တာမရှိတော့ဘူးဆိုတာကို ထိုင်းအစိုးရ ယုံကြည်မှသာ လျှပ်စစ်မီးနဲ့ လောင်စာဆီ အရင်အတိုင်းပြန်လည်ရရှိမှာဖြစ်တယ်လို့ ဗိုလ်မှုးကြီးစောအေဝမ်းက ဆိုပါတယ်။

ဒါကြောင့် ထိုင်းဘက်ဆီက လျှပ်စစ်မီးနဲ့ လောင်စာဆီ အမြန်ဆုံးရအောင် ကြိုးပမ်းသွားမယ်လို့လည်း ဘုရားသုံးဆူမြို့ခံပြည်သူတွေကို ရည်ရွယ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဗိုလ်မှုးကြီးစောအေဝမ်းက အသိပေးထားပါတယ်။

တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးပြန်ကြဖို့ အမိန့်ထုတ်ထားသလို နောက်ထပ် ထပ်ဝင်ရောက်တာမရှိဖို့လည်း ပိတ်ပင်တားမြစ်သွားမယ်လို့ DKBA က ဆိုပါတယ်။

လက်ရှိမှာ ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသား ပိုင် လုပ်ငန်းတွေကို ပိတ်ထားလိုက်ပြီး DKBA အမှတ် (၂)နည်းဗျုဟာအဖွဲ့က ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့DKBA တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

“အခု တရုတ်ဆိုင်တွေအားလုံး ပိတ်လိုက်ပြီ၊ ဖုန်းဆိုင်တွေကအစပေါ့၊ သူတို့(DKBA) စာရင်းပြန်ယူမယ်လေ၊ စာရင်းပြန်ယူမယ်ဆိုတာက (တရုတ်တွေ) ဗီဇာကနေလာတာလား၊ အောက်လမ်းကနေ လာတာလား၊ ဒီ ၁၅ ရက်နေ့အပြီး စာရင်းကောက်မယ်။ ကောက်ပြီးရင် သူတို့ပြန်ပို့မယ်ပေါ့” လို့ DKBA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မှာ မြဝတီမြို့က တရားမဝင် တရုတ်နိုင်ငံသားတွေ ထွက်ခွာသွားဖို့ ကရင့်နယ်ခြားစောင့်တပ် (BGF) က အမိန့်ပေးပြီးနောက် ဘုရားသုံးဆူမြို့ဘက်ဆီ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့အခြေချလာကြတာလို့သိရပါတယ်။

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတွေ​၊ ကာစီနိုတွေ၊ KTV လုပ်ငန်းတွေ နေ့ချင်းညချင်းဆိုသလို များပြားလာခဲ့တာကြောင့် တရုတ်မြို့အဖြစ် တင်စားခေါ်ဝေါ်ခံရတာတွေ ရှိလာပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယိုင်နဲ့နေသော ဝါးတံတားလေးပေါ်တွင် နှုတ်ခမ်းနီရဲနေအောင်ဆိုးထားပြီးအလှပြင်ထားသည့် ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးနှစ်ဦးက အမျိုးသားတဦးအလိုကြ လမ်း လျှောက်ပြနေကြသည်။

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုပြဿနာများ ဖြေရှင်းရန်ဆိုကာ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် တရုတ်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ

တရုတ် နှစ်သစ်ကူး ကာလမှာ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ထားတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကြား လုံခြုံရေးဆိုင်ရာ ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိလာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။