close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ၌ တအာင်းဒေသခံ ၁၃ဦးသေဆုံး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီဗုံးကြဲမှု​ကြောင့် ထိခိုက်​သေဆုံးသူများနှင့်အပျက်အစီးများ။ ဓါတ်ပုံ-TNLA

ဟန်နွေ/People’s Spring

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၈ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်း၊ ဇန်နဝါရီ ၂၁ရက်နှင့် ၂၂ရက်တွင် နောင်ချိုမြို့နယ်၊ ဇန်နဝါရီ ၂၅ရက်တွင် ကျောက်မဲမြို့နယ်တို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြိုအရှေ့ပိုင်းအားစစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ဗုံးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ လူထုနေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဉ် ၁စီး ပျက်စီးခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် နောင်ချိုမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် အမျိုးသား ၅ဦး၊ အမျိုးသမီး ၄ဦး သေဆုံးကာ အမျိုးသမီး (၃)ဦး ဒဏ်ရာရခဲ့သည်ဟုအသိပေးသည်။ ထို့ပြင် နေအိမ်၉လုံးနှင့် ဘုန်းကြီးကျောင်းပျက်စီးမှုများလည်း ရှိခဲ့ကြောင်းအသိ​ပေးထားသည်။

ကျောက်မဲမြို့နယ်လည်း စစ်‌‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာအမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည်တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိ၍ ပြည်သူများအနေဖြင့် လေကြာင်းရန် သတိပြုနေထိုင်ကြရန် TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။