ကျော်ဇော/People’s Spring
ထားဝယ်မြို့နယ်၊ ထားဝယ်-သရက်ချောင်းလမ်းရှိ စစ်ကောင်စီ၏ ရွှေဂူတံတားဂိတ်နှင့်စခန်းကုန်းအား တော်လှန်ရေးမဟာမိတ်တပ်များက တိုက်ခိုက်မီးရှို့ပြီးနောက် စစ်တပ်က ဂိတ်နှင့် စခန်းဝန်းကျင်အားရှင်းလင်းပြီး အင်အား ၃၀ ခန့်ဖြင့် ထပ်မံအ ထိုင်ချထားကြောင်း ဒေသတော်လှန်ရေးတပ် ဖွဲ့များထံမှ သတင်းရရှိသည်။
အဆိုပါ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းသည် ထားဝယ်မြို့နယ်၊ ရှင်မုတ္တီးကျေးရွာအနီးတည်ရှိပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒူရက စစ်ကြောင်းဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက စီးနင်းတိုက်ခိုက်၍ ဂိတ်နှင့် စခန်းကုန်းအား သိမ်းပိုက်ကာ မီးရှို့ခဲ့ခြင်း ဖြစ်သည်။
“အခုလက်ရှိတော့ အင်အား ၃၀ လောက် ထိုင်ထားပြီး စခန်းသန့်ရှင်းရေး လုပ်နေပါတယ်။ ရေတပ်ယူနီဖောင်းနဲ့လို့ လမ်းသွားလမ်းလာ ပြည်သူတွေထံက သိရပါတယ်”ဟု ဂိတ်စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်သည့် ဒေါင်းညီနောင်စစ်ကြောင်း၊ တပ်ခွဲ ၁ ထားဝယ်လူငယ်လက် ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
လက်ရှိအခြေအနေတွင် ဂိတ်နှင့် စခန်းကုန်း ၌သန့်ရှင်းရေးလုပ်နေသည့် အင်အား ၃၀ အ ပြင် အခြားစစ်ကောင်စီတပ်သား ၂၀၀ ဝန်း ကျင်မှာ ရှင်မုတ္တီး၊ ရောင်းမော် စသည့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုး နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
ထိုသို့ နယ်မြေရှင်းလင်းရေးလုပ်စဥ် စစ်ကောင်စီတပ်သားများက ဇန်နဝါရီ လ ၃၀ ရက်က ရောင်းမော်ရွာမှ နေအိမ်သုံးလုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးဝန်းကျင်ကျေးရွာများသို့ ဆက်လက်ဝင်ရောက်နေပြီး ရွှေဂူတံတားဂိတ်နှင့် စခန်းကုန်း ၌ ယခင်ကလို ပြန်လည်၍ စခန်းအထိုင်ချမချ မသိရသေးဟု ထားဝယ်လူငယ်လက်ရုံးတပ်က ပြောသည်။
ရွှေဂူတံတားဂိတ်နှင့် စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေ ဆုံးပြီး လေးဦးအရှင်ဖမ်းမိခဲ့သည်။ ထို့အပြင် ငါး ကြင်းမြီးတစ်လက်၊ MA-4 တစ်လက်၊ MA-3 သုံးလက်၊ MA-2 တစ်လက်၊ MA-1 လေးလက်၊ ၆၀ ကွန်မန်ဒိုစိန်ပြောင်း တစ်လက်၊ ၁၄ နင်းမိုင်းလေးလုံး၊ လက်ပစ်ဗုံးလေးလုံး၊ လိပ် ခုံးမိုင်း ငါးလုံး၊ လက်က်ိုင်ဖုန်းရှစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများရရှိခဲ့ကြောင်း ဒူရက စစ်ကြောင်းက ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
အထက်ပါ ဂိတ်နှင့် စခန်းကုန်းအား စစ်ဆင်ရေးကို ဒူရက စစ်ကြောင်းမှ ဦးဆောင်၍ ထာဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ခွဲ၊ ဒေါင်းညီနောင်စစ် ကြောင်း တပ်ခွဲ(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
