close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်က ​အောင်ဆန်းတက္ကသိုလ်ကိုစစ်​ကောင်စီဗုံးကြဲ ၊​ကျောင်းသူ ၁ဦး​သေ ၆ ဦးဒဏ်ရာရ

မြိုင်မြို့နယ်အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းကဗုံးကြဲတိုက်ခဲ့တာ​ကြောင့် ကျောင်းသူတဦးသေဆုံးပြီးကျောင်းသားတွေအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myai Intelligent Group မှ ရဲ​ဘော်မြိုင်ကြီးက​ပြောတယ်။

စစ်တပ်က ​လေ​ကြောင်းတိုက်ခိုက်ပြီး ကျည်ခွံ​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-MIG

ရှိန်း/People’s Spring

မြိုင်မြို့နယ်အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်ကို စစ်တပ်ကလေကြောင်းကဗုံးကြဲတိုက်ခဲ့တာ​ကြောင့် ကျောင်းသူတဦးသေဆုံးပြီးကျောင်းသားတွေအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myai Intelligent Group မှ ရဲ​ဘော်မြိုင်ကြီးက​ပြောတယ်။

ဇန်နဝါရီလ၂၉ ရက်နေ့၊ည ၁၂နာရီ ၅၃မိနစ်ခန့်မှာ စစ်ကောင်စီတပ်က အောင်ဆန်းတက္ကသိုလ်ကိုဂျက်ဖိုက်တာနှစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာ ကျောင်းသူတဦး၊ကျောင်းသားတဦး နဲ့ စျေးသည်နှစ်ဦးတို့ထိခိုက်ဒဏ်ရာတွေရခဲ့တာလို့သိရပါတယ်။

ဒါအပြင် ဇန်နဝါရီလ ၃၀ ရက်နေ့၊ညနေ ၅နာရီခွဲမှာလည်းမကွေးလေတပ်က ဂျက်ဖိုက်တာ၂စီး၊တံတားဦးလေတပ်ကဂျက်ဖိုက်တာ ၁ စီးစုစုပေါင်း သုံးစီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာ ဂန့်ဂေါမြို့နယ်ကနေ ကျောင်းလာတက်တဲ့ကျောင်းသူတဦးသေဆုံးခဲ့ပြီး ကျောင်းသူတဦးနဲ့ကျောင်းဆရာတဦးတို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခြေအနေငြိမ်လို့ ပစ္စည်းဝင်သိမ်းတဲ့အချိန်မှာလေယာဥ် ၃ စီးနဲ့ ကြဲချတာ”လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။

ဒီမနက် (ဇန်နဝါရီ ၃၁ ) ၁၀ နာရီ​လောက်မှာလည်းစစ်ကောင်စီဘက်က ကင်းထောက်ဒရုန်းတွေတက္ကသိုလ်ဘက်ကို ဆက်တိုက်ဝဲနေတယ်လို့ ရဲဘော်မြိုင်ကြီးကပြောပါတယ်။

ဒါ့အပြင် မြိုင်အရှေ့ခြမ်း၊ပုခုက္ကူမြို့ဘက်ကနေလည်း မြိုင်နယ်ထဲကို အင်အား ၁၀၀ ခန့်ပါစစ်ကြောင်း​တွေလည်းထိုးနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်းတွင်လည်း တိုက်ပွဲဖြစ်နေ၊ အောင်ဇေယျစစ်ကြောင်းမှ စစ်သားများ နေ့တိုင်းနီးပါး အလင်းဝင်လာ

သတင်း

ရွှေသောင်ယံမြို့ ၊ တပင်မှော်ရွာတွင်ဇန်နဝါရီလ ၂၈ရက်နေ့က တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားသည်။

သတင်း

ပြည်သူများလေကြောင်းရန် အလေးထားပြင်ဆင်ကြရန် YDF တိုက်တွန်း

သတင်း

အမျိုးသားနဲ့ အမျိုးသမီး ၁၀၀ကျော် ဖမ်းဆီးခံထားရတယ်လို့ ဇီးကုန်းမြို့တိုက်နယ်ပကဖ တာဝန်ခံ ပြော