close
Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့အား ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ယောဗျူဟာ ပြော

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ယောဗျူဟာ(အမှတ် ၈၁ ဗျူဟာ) တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈)တပ်ရင်းများဖြင့် စုပေါင်း ဖွဲ့စည်းထားသော ဗျူဟာအမှတ်(၈၁)-ယောဗျူဟာမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ − ဗျူဟာအမှတ် - ၈၁ ယောဗျူဟာ

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ယောဗျူဟာ(အမှတ် ၈၁ ဗျူဟာ) တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

ဗျူဟာ(၈၁) ယောဗျူဟာအနေဖြင့် ဂန့်ဂေါခရိုင်အမှတ် (၂၊၄၊၁၀) တပ်ရင်းများနှင့်အတူ ထီးလင်းမြို့အား ထိန်းချုပ်နိုင်ရေး ကြိုးစားနေခြင်းဖြစ်ကြောင်း ယောဗျူဟာက ဇန်နဝါရီ ၂၁ရက်တွင် အသိပေးထားသည်။

“ခရိုင်ကွပ်ကဲရေးရဲ့ လမ်းညွှန်မှုနဲ့ပဲ တော်လှန်ရေးအဖွဲ့တွေ အားလုံးစုပေါင်းပြီး လုပ်ဆောင်နေကြပါတယ်” ဟု ကိုပုဂံက ပြောသည်။

Public Service Announcement

Public Service Announcement

ယောဒေသ တည်နေရာပြမြေပုံ

စစ်ကောင်စီဘက်ကလည်း ထီးလင်းမြို့ကို လေကြောင်းမှ လူနှင့် လက်နက်ခဲယမ်းအင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

“စကစ ဘက်က လှုပ်ရှားမှုရှိလာရင် ကိုယ့်ဘက်က ပြန်လည် တုံ့ပြန်တာတိုက်ခိုက်တာမျိုးတော့ ရှိပါတယ်”ဟု လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေကို ကိုပုဂံက ပြောပြသည်။

ဇန်နဝါရီ ၂၀ ရက် နေ့လည် ၁နာရီခွဲအချိန်ခန့်တွင် ထီးလင်းမြို့မှ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ ရုပ်သံကုန်းနှင့် မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်း ဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု ယောဗျူဟာက အသိပေးသည်။

ထို့အပြင် ထီးလင်းမြို့အောင်တော်မူဘုရားဖက်သို့ ကင်းပုန်းဝပ်ရန်ထွက်လာကြသော စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီဘက်မှ ထီးလင်းမြို့ဘောလုံးကွင်းအတွင်း လူနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းမှုများ ရှိခဲ့သည်ဟု ယောဗျူဟာက ထုတ်ပြန်သည်။

ယောဗျူဟာကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများ ဖြစ်သော အမှတ်(၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်း ၅ခုဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းနှင့် ကျောက်ထုမြို့တို့ကို စစ်ကောင်စီက လူနှင့်ခဲယမ်း အင်အားဖြည့်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ(၂၇၄)တပ်ရင်းမှ စစ်ရှုံး၍ စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို မကွေးတိုင်း ယောဒေသ အခြေပြု ဗျူဟာအမှတ်(၈၁) ယောဗျူဟာက သုံးကြိမ်ဖမ်းဆီးရမိခဲ့ရာ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၆ဦးအထိရှိသည်ဟု ယောဗျူဟာ တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

သတင်း

ယမန်နေ့ကလည်း တော်လှန်ရေးတပ်များက မြို့ကို ၃နာရီကြာပစ်ခတ်တိုက်ခိုက်

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယောဒေသ၊ ကျောက်ထုမြို့နယ်အတွင်းရောက်ရှိနေပြီး အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေး၍ လမ်းရှင်းပေးနေကြောင်း ​တော်လှန်​ရေးအဖွဲ့များနှင့် ​ဒေသခံအချို့က​ ပြောသည်။