close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ကိုးကန့်တပ်အပစ်ရပ်ပြီးနောက် နယ်စပ်ဂိတ်များအား တရုတ်ပြန်ဖွင့်ပေး

စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA)အပစ်ရပ်ပြီးနောက် လောက်ကိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ဒေသမှ နယ်စပ်ဂိတ်များအား တရုတ်ဘက်ကပြန်ဖွင့်လှစ်ပေးလိုက်ပြီး ဝ ဒေသမှ ကုန်စည်တင်သွင်းခွင့်ပြုလိုက်သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်အား တွေ့ရစဉ်၊ဓာတ်ပုံ − CJ

ကဖေး/People’s Spring

စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA)အပစ်ရပ်ပြီးနောက် လောက်ကိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ဒေသမှ နယ်စပ်ဂိတ်များအား တရုတ်ဘက်ကပြန်ဖွင့်လှစ်ပေးလိုက်ပြီး ဝ ဒေသမှ ကုန်စည်တင်သွင်းခွင့်ပြုလိုက်သည်။

MNDAAနှင့် စစ်ကောင်စီသည် တရုတ်နိုင်ငံ၊ ကူးမင်းမြို့တွင် ဇန်နဝါရီ ၁၆ ရက်ကစ၍ နှစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ရက်စ၍ အပစ်ရပ်သဘောတူညီခဲ့သည်ဟု ယနေ့ (ဇန်နဝါရီ ၂၀ရက်)က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် လောက်ကိုင်နှင့်ချင်းရွှေဟော်နယ်စပ်ဂိတ်၊ ရန်လုံကျိုင်းဂိတ်တို့ကို တရုတ်ဘက်ကပြန်လည်ဖွင့်ပေးလိုက်ပြီး ကုန်စည်တင်သွင်းခွင့်ပြုလိုက်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကုန်သည်သတင်းနှင့်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

” အပစ်ရပ်ဆွေးနွေးပြီးတော့ ဒီ‌နေ့ဖွင့်ပေးလိုက်တာ။ တင်သွင်းခွင့်ရတဲ့ ကုန်စည်တွေကိုတော့ကန့်သတ်ထားတယ်။ စမ်းတဝါးဝါးလုပ်နေရတဲ့ အနေအထားပဲ”ဟု ရှမ်းပြည်နယ်မြောက်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ဒေသနှင့် ဆက်စပ်နေသော MNDAA ထိန်းချုပ် ဒေသများသို့ ကုန်စည်များကိုလွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုလိုက်သည်ဟု သတင်းရရှိသည်။

UWSAပြောရေးဆိုခွင့်ရှိသူတာဝန်ခံ ဦးညီရန်းက “တရုတ်ရဲ့ မူဝါဒ ဂိတ်ပိတ်မှုကြောင့် ကျွန်တော်တို့ ဝ ပြည်အတွင်းမှာ ဆီပြတ်လပ်မှုတချို့ကြုံခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကစတင်ပြီး တရုတ်ကဂိတ်တွေပြန်ဖွင့်လို့ ဆီတွေလည်းတချို့ပြန်ဝင်နေကြပါပြီ။ အိမ်ဆောက်ပစ္စည်း တချို့လည်းဝင်လာကြပြီလို့တော့ သိရတယ်။ တခြားစက်ပစ္စည်းတွေတော့ မကြားသေးဘူး” ဟု “ဝ” လူငယ့်အသံကွန်ရက်ကိုပြောထားသည်။

တရုတ်သည် စစ်ကောင်စီအား တိုက်ခိုက်မှုများရပ်တန့်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ၂၀၂၄ ဩဂုတ်ကစ၍ ပေါ်ပေါ်ထင်ထင်ဖိအားပေး‌‌ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ဂိတ်များကို ပိတ်ဆို့ခဲ့သည်။ ထို့အပြင် ဝ ဒေသမှနေ၍ ရှမ်းပြည်နယ်မြောက်ပိုင်းအား ရိက္ခာဖြတ်တောက်ရန်လည်း UWSAကို အားဖိအားပေးခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အား ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်၍မရစေရန် ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများကို တရုတ်နှင့် စစ်ကောင်စီပေါင်း၍ ဖြတ်တောက်ခြင်းဟု ဝေဖန်ခံခဲ့ရသည်။

ယခုလည်း တရုတ်အစိုးရခွင့်ပြုချက်ရမှ ဝဒေသမှ MNDAA ထိန်းချုပ်ဒေသသို့ ကုန်စည်များလွတ်လပ်စွာ ကုန်သွယ်ခွင့်ရခြင်းသည် ဝနှင့် MNDAAအတွက် ဂုဏ်သိက္ခာကျစေသည်ဟု ဝေဖန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ဝန်းကျင်ကို ယနေ့ ဇန်နဝါရီ ၂၀ရက် ညနေတွင် စစ်ကောင်စီက လေကြောင်းမှကင်းထောက်ပြီး‌နောက် ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအနီးရှိ ဆီဆုံကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲပြီး ပြည်သူအချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

သတင်း

ပြည်တွင်းစစ်ကျယ်ပြန့်လာတဲ့ကြားမှာ ရွေးကောက်ပွဲကျင်းမယ်ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အစီအစဥ်ဟာ ဦးစားပေးမဖြစ်သင့်ဘဲ တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။