close
Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် စစ်တပ်က တပ်စွဲပြီးနောက် ပြည်သူအချို့ သတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအနီးရှိ ဆီဆုံကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲပြီး ပြည်သူအချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ − CJ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအနီးရှိ ဆီဆုံကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲပြီး ပြည်သူအချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၅ ရက်ကစပြီး ဆီဆုံကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းကျန်ရှိနေသည့် ပြည်သူ ၁၀ဦးကျော်ကို ဖမ်းဆီးနှိပ်စက်ကာ လေးဦးထက်မနည်းအား ကြိုးတုပ်ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဟု ၎င်းက ပြောသည်။

“ဆီဆုံကုန်းက အတိကျသိရတာတော့ လေးယောက်ပါ။ ကျွန်တော်တို့ကဘဘန့်ဘွေးကုန်းရွာဘက်မှာ စစ်ဆိုင်ထားလို့။ လေးငါးဆယ်ဦးလောက် အသတ်ခံရတယ်လို့တော့ ကြားမိတယ်။ အတိအကျ မသိရသေးဘူး။ စကစတွေ အခုထိ ရွာထဲရှိနေတုန်းပဲ”ဟု နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဆီဆုံကုန်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ဒေသခံအများစုမှာ စစ်ကောင်စီတပ်၏ ရန်ကြောင့် အစောပိုင်းကတည်းက ဘေးလွတ်ရာရှောင်တိမ်းနေကြရပြီး ယခုဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ စစ်ဘေးရှာင်ရာမှ ကျေးရွာသို့ အစောင့်ပြန်လာသူများဖြစ်ကြောင့် ၎င်းက ဆက်ပြောသည်။

အလားတူ ဆီဆုံကုန်းရွာမှ ခြေလျင်သွားလျှင် နာရီဝက်ခရီးသာရှိသည့် အိမ်ခြေ ၂၀၀ ကျော်ရှိ ပဲခူးရိုးမအစပ်မှ ဘန့်ဘွေးကုန်းရွာတွင်လည်း စစ်ကောင်စီတပ်သားအချို့ရောက်ရှိနေပြီး ၎င်းတို့နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ဆိုင်ထားဆဲဖြစ်ကြောင်း နတ်စစ်သည်တပ်ဖွဲ့ထံမှ သိရသည်။

“နှစ်ရွာစလုံး ရွာသားတွေ စစ်ရှောင်နေရပါတယ်။ တောထဲမှာ သူ့အစုနဲ့သူ ဖြစ်သလိုနေနေရတာပါ”ဟု နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက ဒေသခံပြည်သူများ၏ လက်ရှိအခြေ အနေကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂ ရက်ကလည်း ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၁၀၀ ခန့်သည် နတ္တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာဘက်မှ ဆီဆုံကုန်းကျေးရွာဘက်သို့လာရောက်စဥ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုတွင် ဆီဆုံကုန်းကျေးရွာပေါ်သို့ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင်ကိုးဦးခန့် ထိခိုက်ဒဏ်ရာများရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA)အပစ်ရပ်ပြီးနောက် လောက်ကိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ဒေသမှ နယ်စပ်ဂိတ်များအား တရုတ်ဘက်ကပြန်ဖွင့်လှစ်ပေးလိုက်ပြီး ဝ ဒေသမှ ကုန်စည်တင်သွင်းခွင့်ပြုလိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ဝန်းကျင်ကို ယနေ့ ဇန်နဝါရီ ၂၀ရက် ညနေတွင် စစ်ကောင်စီက လေကြောင်းမှကင်းထောက်ပြီး‌နောက် ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

သတင်း

ပြည်တွင်းစစ်ကျယ်ပြန့်လာတဲ့ကြားမှာ ရွေးကောက်ပွဲကျင်းမယ်ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အစီအစဥ်ဟာ ဦးစားပေးမဖြစ်သင့်ဘဲ တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။