close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ၊ဆိုင်​တောင်တွင် တိုက်ပွဲပြင်းထန်နေ

ဖားကန့်၊ ဆိုင်းတောင်ကျေးရွာတွင်ယနေ့(စက်တင်ဘာလ ၈ရက်)ညနေ ၃နာရီခွဲမှစ၍စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊KPDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။

မိထက်/People’s Spring

ဖားကန့်၊ ဆိုင်းတောင်ကျေးရွာတွင်ယနေ့(စက်တင်ဘာလ ၈ရက်)ညနေ ၃နာရီခွဲမှစ၍စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ KPDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။

ဆိုင်းတောင်ရွာရှိ ဟိုတယ်တစ်ခုကို စစ်ကောင်စီက စက်တင်ဘာလ ၆ရက်ညတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဟိုတယ်ဝန်ထမ်းများအပါအဝင် အရပ်သားများကိုဖမ်းဆီးထားခဲ့သည်။ ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရေး KIA က ညှိနှိုင်းခဲ့သော်လည်း မရ၍ တိုက်ပွဲဖြစ်ပွားခြင်းဟုဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကအနီးကပ်ဖြစ်ပွားနေတာပါ။ပစ်ခတ်သံတွေဆူညံနေပြီးတော့ပြင်းထန်ပါတယ်” ဟု ဒေသခံတဦးကပြောသည်။

ယခုသတင်းရေးသားနေချိန် ညနေ ၄နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း ရှောင်နေကြသည်။နေအိမ်များအတွင်းပုန်းခိုနေသူများ နှင့် တိုက်ပွဲနေရာအနီး ပိတ်မိနေသူများလည်းရှိကြောင်းသိရသည်။ စစ်ကောင်စီက ဟိုတယ်အားစီးနင်းနင်းမှု၌ ဖမ်းဆီးထားသူအရေအတွက်ကိုမသိရှိရသေးပေ။

“ညီမရဲ့ အစ်မလည်း ဟိုတယ်မှာ အလုပ်လုပ်နေတာ။ ပိတ်မိနေလို့ စိတ်ပူနေရပြီ” ဟု ဖားကန့်ဒေသခံတဦးကပြောသည်။

တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မည်ကို ဒေသခံများကစိုးရိမ်နေသည်။ ဖားကန့်တွင် ဩဂုတ်လ ၆ရက် ၁၀နာရီခန့်၌ကလည်းစစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့်လမ်းသွားလမ်းလာနှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ဖမ်းမိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး နားဖော့ဒေသ၌ စစ်ကောင်စီ ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို ယခု ၂၀၂၄ ဇန်နဝါရီ လဆန်းတွင် KIAက ပစ်ချခဲ့ရာ တရုတ်နိုင်ငံထုတ် လေယာဉ်ပစ် လက်နက် FN-6 အမျိုးအစား ပခုံးထမ်းလက်နက်ကို အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် စစ်လက်နက်ပစ္စည်းလေ့လာ အသိပေးလျက်ရှိသည့် Tactical...

သတင်း

ဖားကန့်တွင်စက်တင်ဘာလ ၆ရက်နံနက် ၁၀နာရီခန့်၌ ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှု၌ စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ​ဒေသခံပြည်သူ ၂ ဦးဒဏ် ရာရရှိသွားပြီး ညနေပိုင်းတွင်သေဆုံးသွားခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအချို့နှင့် ကချင်ပြည်နယ် ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Facebook