close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လက်နက်ကြီးကြောင့် သီပေါဒေသခံတစ်ဦးထပ်မံ သေဆုံး

စစ်ကောင်စီလက်ချက်ကြောင့် ၅ပတ်အတွင်း အရပ်သား ၂၄ဦးသေဆုံး၊ ၆၀ကျော် ဒဏ်ရာရဟု TNLA ထုတ်ပြန်

သီပေါမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထပ်မံသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၄ရက် ယမန်နေ့ ညပိုင်းတွင် နမ့်လန်တွင်အခြေချနေသည့် စစ်ကောင်စီတပ်မှ ပြည်သူများရှိရာသို့ဦးတည်ပြီး တစ်ဖက်သက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သီပေါမြို့နယ် ကျောင်းပြိန်းရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ရာ အသက် (၇၃)နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးကာကာ ၎င်း၏အမျိုးသမီး အဘွားဘို ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂ရက်ကလည်း နားမခေါ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးကာတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သီပေါမြို့တွင် ဩဂုတ် ၁ရက်မှ ယနေ့ စက်တင်ဘာ ၅ရက်ထိ ကလေးငယ် အပါအဝင် အရပ်သား ပြည်သူ ၂၄ဦး သေဆုံးကာ ၆၃ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် သီပေါ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ကျောက်မဲ နှင့် မန်တုံမြို့များကို လေကြောင်း လက်နက်ကြီး တိုက်ခိုက် မှုများ လုပ်ဆောင်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ဖြစ်ခဲ့သည်။

သီပေါမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ – TNLA

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း စက်တင်ဘာ ၃ရက်က တောင်ကြီးမြို့၌ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် မြို့ရွာများ သိမ်းပိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လိုအပ်သလို လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများ သတိပြုရန် ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးရာဒေသ၊ တပ်စခန်း၊ တပ်ရင်းဌာနချုပ် စွန့်လွှတ်ခဲ့ရသည့် နေရာများကို လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးငယ်၊ ကိုယ်ဝန်ဆောင်အပါအဝင်မိသားစုလိုက်သေဆုံးမှုရှိဟု တအာင်းအမျိုးသမီးအဖွဲ့အသိပေး

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်တိုက်ခိုက်ခံရပြီးနောက် ကရင်နီ ပြည်နယ် ၊နန်းမယ်ခုံ​ဒေသကို ယနေ့ (စက်တင်ဘာ ၅)နံနက်အစောပိုင်းတွင် စစ်ကောင်စီ ကလေကြောင်းမှ ဗုံးကြဲ သဖြင့်​ဒေသခံ ပြည်သူများထိခိုက်​မှုများကြောင်း ​ဒေသခံများက​ပြောသည်။

သတင်း

နောင်ချိုမြို့နယ်တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်(TNLA)က ယနေ့ စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

Facebook