သတိုး /People’s Spring
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင် ယာဉ်ထိန်းရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA)၏ တာဝန်ခံ Joe ကပြောသည်။
“စကစရဲ့ထောက်တိုင်ဖြစ်ပီး ပြည်သူတွေအပေါ် မတရာ ဂုတ်သွေးစုတ်နေတဲ့အထဲမှာ ဒီကောင်တွေလည်းအပါအဝင်ပါပဲ” ဟု ယင်းတိုက်ခိုက်မှုပြုလုပ်ရသည့်အကြောင်းကို ၎င်းက ပြောသည်။

Public Service Announcement
စက်တင်ဘာ ၅ ရက် ည ၈နာရီခွဲအချိန်ခန့်တွင် အဆိုပါရုံးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး YUPA နှင့်အတူ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) လည်းပူးပေါင်းပါဝင်ခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။
“အထိအခိုက်တော့ ရှိနိုင်ပါတယ်။” အထက်ပါတာဝန်ခံက ပြောသည်။
လက်ပစ်ဗုံးများပစ်ပြီးနောက် ယာဉ်ထိန်းရုံးအတွင်းမှ မီးခိုးများထွက်လာပြီး အော်ဟစ်ဆဲဆိုသံများကြားရသည်ဟု ၎င်းက ဆိုသည်။
“ပြည်သူတွေကိုပြောချင်တာတော့ ကျန်တော်တို့ UG တွေဆိုတာ ပြည်သူ့ဘက်ကရပ်တည်နေမှာပါ။ကျွန်တော် တို့အဖွဲ့မှမဟုတ်ပါဘူး UG တွေအားလုံးကို ပစ်မထားကြပါနဲ့လို့။တက်နိုင်တဲ့ဘက်ကနေကူညီကြပါလို့ “ဟု တာဝန်ခံ Joe က ပြည်သူများကိုမေတ္တာရပ်ခံသည်။
