close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံထဲက ထိုင်း ရင်းနှီးမြှုပ်နှံမှုတွေ တဖြည်းဖြည်း ရုပ်သိမ်းနေ

OSP ၊ TPBI ၊ Grand Prix ၊Index Creative Village ကုမ္ပဏီ​တွေထွက်ခွာသွားပြီး ၊ SCG ဘိလပ်​မြေထုတ်စက်ရုံ နှစ်ရုံရပ်နားထား

ပြည်တွင်းမှ ထွက်ခွာသွား​သော ထိုင်းလုပ်ငန်းများ

မြန်မာ့ ပြည်တွင်းပဋိပက္ခနဲ့ စီးပွားရေး ကျဆင်းမှု အခြေအနေတွေကို အကြောင်းပြုပြီး ထိုင်းကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းနေကြောင်း သိရပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် စီးပွားရေး ယိမ်းယိုင်မှုတွေ ကြုံအပြီး နာလန်ထဖို့ ရုန်းကန်နေတဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ မြန်မာ့ စီးပွားရေးဟာ ပြန်ဦးမော့ဖို့ အရမ်းခက်လောက်အောင် စိုက်ဆင်းသွားသလို အာဏာသိမ်းမှု နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေကပါ အရှိန်မြင့်တက်လာပါတယ်။

ထိုင်းစီးပွားရေး လုပ်ငန်းတွေဟာ အခြေအနေကို ၃ နှစ်လောက် စောင့်ကြည့်ခဲ့ပြီးတဲ့တိုင် ထူးခြားတဲ့ တိုးတက်မှု ရှိမလာတော့ဘူးလို့ ယုံကြည်ခြင်းနဲ့အတူ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို တစ်ဆင့်ချင်း ပြန်လည် ရုပ်သိမ်းနေတာလို့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဘိလပ်မြေ လုပ်ငန်းစုကြီး SCGဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ စက်ရုံတွေထဲက နှစ်ခုကို လည်ပတ်မှု ရပ်နားထားရပြီး နောက်ထပ် လုပ်ငန်းချဲ့ထွင်မယ့် အစီအမံ အားလုံးကိုပါ ဆိုင်းငံ့ထားလိုက်ပါတယ်။ SCGဟာ အဲဒီ စက်ရုံနှစ်ခုမှာ ဘတ် ၈ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံထားခဲ့ပါတယ်။

ဒါပေမဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်တဲ့ အရှုပ်အထွေးတွေ အတောအတွင်း စက်ရုံတွေက စက်ပစ္စည်းတွေ ခိုးယူခံရတာမျိုး ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှု၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အာမခံချက် မပေးနိုင်မှုတွေကြောင့် ရပ်နားထားတဲ့ စက်ရုံတွေ ပြန်လည်ပတ်ဖို့ လောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်သေးဘူးလို့ SCGရဲ့ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ သမ်မာဆက် ဆီသော်ဒွမ်က ပြောပါတယ်။

အလားတူ ထိုင်းရဲ့ အဖျော်ယမကာ လုပ်ငန်းတစ်ခုဖြစ်တဲ့ Osotspa (OSP)ဟာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီ ရှယ်ယာတွေကို Myanmar Golden Eagle နဲ့ Myanmar Golden Glass ကုမ္ပဏီတွေဆီ ပြန်လည် ရောင်းချခဲ့ပါတယ်။ အဲဒီရှယ်ယာတွေရဲ့တန်ဖိုးဟာဘတ် ၁၃၆ သန်းလောက် ရှိပါတယ်။ ကုမ္ပဏီရဲ့ပင်မစီးပွားရေး အစီအမံတွေနဲ့ လိုက်ဖက်ညီမှု ရှိစေဖို့ အခုလိုမျိုး ရှယ်ယာတွေ ရောင်းထုတ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ OSPက ထုတ်ပြန်ထားပေမယ့် တကယ်တမ်းကျတော့ ကုမ္ပဏီဟာ ဘတ်သန်း ၈၀၀ လောက် အဆုံးအရှုံး ကြုံခဲ့ဖွယ် ရှိတယ်လို့ စျေးကွက် လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တခြား ထိုင်းကုမ္ပဏီတွေဖြစ်တဲ့ TPBI အများပိုင် လီမိတက်၊ Grand Prix International Plcတို့ဟာလည်း မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းခွဲတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ TPBIဟာ မြန်မာ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းတွေ နားထားလိုက်တာဖြစ်ပြီး Grand Prixကတော့ မနှစ်ကတည်းက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီး ဖြစ်ပါတယ်။

ပွဲလမ်းသဘင် အခမ်းအနားတွေ တာဝန်ယူ စီစဉ်ပေးလေ့ရှိတဲ့ Index Creative Village ကုမ္ပဏီဟာလည်း ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီး လက်ရှိ အခြေအနေတွေထက် တည်ငြိမ် တိုးတက်မလာမချင်း ပြန်မလာဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ခေတ်ပျက်နေတဲ့တိုင် အခြေအနေ ကောင်းနေဆဲ ထိုင်းကုမ္ပဏီ တချို့လည်း ရှိပါတယ်။ ထိုင်း အဖျော်ယမကာ လုပ်ငန်းဖြစ်တဲ့ ThaiBevဟာ လွန်ခဲ့တဲ့ ၉ လအတွင်း လုပ်ငန်းအခြေအနေတွေ ပိုကောင်းလာသလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ThaiBevဟာ မြန်မာရဲ့ အကြီးမားဆုံး ဝီစကီ လုပ်ငန်းကြီးဖြစ်တဲ့ Grand Royal Groupမှာ ရှယ်ယာ အများအပြား ထည့်ဝင်ထားသလို ဘီယာစက်ရုံ တစ်ခုမှာလည်း ဘတ် သန်း ၅၀၀ လောက် ရင်းနှီး မြှုပ်နှံထားပါတယ်။

နောက်ပြီး Mama ခေါက်ဆွဲခြောက်တွေထုတ်လုပ်မှုနဲ့ လူသိများတဲ့ ထိုင်းကုမ္ပဏီ Thai President Foodsဟာ မန္တလေး အခြေစိုက် စက်ရုံကို အောင်အောင်မြင်မြင် ဆက်လက် လည်ပတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား – The Nation

ဆက်စပ်သတင်းများ

သတင်း

လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ တိုးမြစ်စာအုပ်တိုက်နှင့် လပြည့်လင်းပုံနှိပ်တိုက်တို့ထံ လတ်တလောဆက်သွယ်​၍ မရသေးပေ။

ဗီဒီယို

ပြင်သစ် အစိုးရကတော့ ဘာကီနာဖာဆိုက စစ်တပ်တွေ ကတိုက်ကရိုက် ရုပ်သိမ်းမလား ဆိုတာကို အတည်မပြုသေးပေမယ့် ဘာကြောင့် အခုလို အသည်းအသန် တပ်ရုပ်ခိုင်းနေသလဲ ဆိုတာကို စုံစမ်း မေးမြန်းသွားမယ်လို့ ပြောပါတယ်။

နိုင်ငံတကာ

နယ်စပ်မှာ တပ်တွေ လျှော့ချနေကြောင်း အိန္ဒိယဖက်က ကြေညာပေမယ့် နယူးဒေလီ အခြေစိုက် တရုတ်သံရုံးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မပေးသေးပါဘူး။ အိန္ဒိယနဲ့ တရုတ်တို့ဟာ ကီလိုမိတာ ၃၈၀၀ လောက် ရှည်လျားတဲ့ နယ်စပ်ကို မျှဝေထားပါတယ်။

ဗီဒီယို

တစ်ဖက်မှာတော့ ကိုယ်ဝန် ဖျက်ချမှုကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့တဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်လို ပုဂ္ဂိုလ်တွေက သန္ဓေသားတွေရဲ့ အဖိုးတန် လူ့အသက်တွေ ဘေးကင်း လုံခြုံတာ သေချာတဲ့ထိ အားထုတ်မှုတွေ အရှိန်မလျှော့ဖို့ ကိုယ်ဝန်ဆောင် ဖျက်ချမှု တိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူတွေကို တိုက်တွန်း...

Facebook