Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာပြီး PDFနှင့်ပူးပေါင်း၍ စစ်ကောင်စီအား တော်လှန်သွားမည်ဟု သတင်းရရှိသည်။

အလင်းဝင်ရဲဒုတပ်ကြပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - FRF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာပြီး PDFနှင့်ပူးပေါင်း၍ စစ်ကောင်စီအား တော်လှန်သွားမည်ဟု သတင်းရရှိသည်။

သြဂုတ် ၂၀ရက်က တန်ဆည်မြို့၊ မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် တစ်ဦးသည် Freedom Revolution Force (FRF) နှင့် မင်းကင်းရင်း(၂)တို့ ပူးပေါင်းအဖွဲ့ထံသို့ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့ကြောင်း Freedom Revolution Force၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ဇာတိက မင်းကင်းကဆိုတော့ မင်းကင်းရင်းကနေ ချိတ်ဆက်ပြီး ဝင်လာတာ။ သူ တော်လှန်ရေးထဲပဲ ဆက်ပါမယ်လို့ပြောတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အလင်းဝင်လာသော ရဲဒုတပ်ကြပ်သည် G3 တစ်လက်၊ကျည်ဘောက် ၂ခု၊ ၇.၆၂ကျည် ၁၇၃တောင့်၊ ၅.၅၆ကျည် တစ်တောင့်၊9mm ပစ်စတိုကျည် ၇တောင့်၊ ၉လုံးရှော့ဂန်းကျည် ၁တောင့်၊လက်ပစ်ဗုံး တစ်လုံး နှင့် လက်ထိပ် တစ်ခုအား အပ်နှံခဲ့ပြီး ၎င်းအား ဆုချီးမြှင့်ရန် စီစဥ်နေကြောင်း သိရသည်။

ဩဂုတ် ၁၈ ရက်က ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်းမြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရ၍ ကျန်စစ်ကောင်စီအဖွဲ့ဝင်များမှာ ထွက်ပြေးသွားခဲ့ကြသည်။

ထို့အပြင် ပျူစောထီး ၂ ဦးလက်နက်ချ အလင်းဝင်ခဲ့ပြီး Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးအားလည်း ကယ်တင်နိုင်ခဲ့သည်။ စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၄၉၀၀ခန့်၊ ဗုံးသီးမျိုးစုံ ၅၇ လုံး၊ မိုင်းမျိုးစုံ ၂၀ လုံး၊ ကျည်အိမ် ၈ခုနှင့် ငွေကျပ် သိန်း ၃၄၀ကျော် သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂ ရက်အတွင်း ရဲ​တပ်သား ၂ ဦးအလင်းဝင်

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။

သတင်း

မြို့အားထိန်းချုပ်ထားပြီး တိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး ကျဆုံး၊ စစ်သားနှင့်ပျူများ ထွက်ပြေး

သတင်း

မူဆယ်မြို့ခံပြည်သူများ အန္တရာယ်ကင်းရေးနှင့် မြို့မထိခိုက်စေရေးအတွက် စစ်ကောင်စီတပ်လက်နက်ချအလင်းဝင်ရန် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်အား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်သွယ်ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။