ရဲခေါင်/People’s Spring
နှစ်ရက်အတွင်း ပြည်တွင်းစက်သုံးဆီစျေး ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီသုံးစွဲနေသူများက လူထုနွေဦးသို့ ပြောသည်။
ယနေ့(သြဂုတ် ၁၈ရက်)တွင် ဓာတ်ဆီ 92 Ron တစ်လီတာ ၂,၉၉၀ ကျပ်၊ 95 Ron တစ်လီတာ ၃,၁၄၀ ကျပ်၊ရိုးရိုးဒီဇယ် တစ်လီတာ ၂,၆၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃,၂၁၀ကျပ်txd စျေးမြင့်တက်သွားသည်ဟု ဆိုသည်။

Public Service Announcement
ယနေ့ စျေးမတိုင်မီက သြဂုတ် ၁၆ ရက်တွင်လည်း စက်သုံးဆီစျေးမြင့်တက်ခဲ့ပြီး ဓာတ်ဆီ 92 Ron တစ်လီတာ ၂,၉၀၀ ကျပ်၊ 95 Ron တစ်လီတာ ၃,၀၄၅ ကျပ်၊ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃,၁၁၅ကျပ် ဖြစ်ခဲ့သည်။
ထို့ကြောင့် နှစ်ရက်အတွင်း 95 တစ်လီတာ ၂၄၀ ကျပ် ၊ 92 တစ်လီတာ ၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၁၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၆၅ ကျပ်အထိ စျေးတက်ခဲ့ခြင်းဖြစ်သည်။
ရက်သတ္တပတ် တစ်ခုကျော်ကြာမြင့်နေပြီဖြစ်သော စက်သုံးဆီမလုံလောက်မှုကို စစ်ကောင်စီအနေဖြင့် ယနေ့တိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ စက်သုံးဆီပြင်ပစျေးကွက်ပါ ပေါ်လာခဲ့သည်။
“အခုက ဆီပေပါအလိုက်ပါရောင်းလာတဲ့သူတွေရှိတယ်။ပေါက်စျေးရဲ့ ထက်ဝက်လောက်ပိုပေးရတယ်။မဖြစ်မနေ လိုတဲ့သူတွေ ဝယ်သုံးရတာပါပဲ”ဟု ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ထုတ်ရောင်းပေးမည်ဟု စစ်ကောင်စီဗဟိုဘဏ် ယမန်နေ့တွင် ထုတ်ပြန်ထားသော်လည်း စက်သုံးဆီမလုံလောက်မှုကြောင့် ယနေ့အထိ တန်းစီစနစ်ဖြင့် ဝယ်ယူနေရဆဲ ဖြစ်သည်။
ဒီချုပ်အစိုးရ လက်ထက်က တရားဝင်ထုတ်ပြန်ထားသည့် ပြည်ပသွင်းကုန်စာရင်းများအနက် စက်သုံးဆီ အတွက်တစ်နှစ်လျှင် အမေရိကန် ဒေါ်လာအနည်းဆုံးဒေါ်လာ ၂ ဘီလီယံနှင့် သုံးဘီလီယံဖိုးကြား တင်သွင်းရသည်။
စစ်တပ်အာဏာမသိမ်းမီ ပြည်တွင်းစက်သုံးဆီစျေးသည် 95 Ron တစ်လီတာ ၅၁၀ ကျပ်၊ 92 Ron တစ်လီတာ ၄၀၄ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄၅၀ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ကျပ်သာရှိခဲ့သည်။
