Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်သင်္ကြန်အတွက် ကြိုပြင်ဆင်နေသည့် စစ်ကောင်စီ

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု စစ်ကောင်စီက‌ကြေညာထားသည်။

ရန်ကုန်သင်္ကြန်အတွက် ကြိုပြင်ဆင်နေသည့် စစ်ကောင်စီ
ရန်ကုန်သင်္ကြန်အတွက် ကြိုပြင်ဆင်နေသည့် စစ်ကောင်စီ

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု စစ်ကောင်စီက‌ကြေညာထားသည်။

ယခုနှစ်အတွင်း အထိမ်းအမှတ်နေ့များတွင် ပျော်ပွဲရွှင်ပွဲများပြုလုပ်လေ့ရှိသည့် ပြည်သူ့ရင်ပြင်ထဲတွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များစတင်ဆောက်လုပ်နေသည်ကိုတွေ့ရသည်။

မန္တလေးမှာလည်း ကျုံးဘေးပတ်လည်နှင့် လမ်းမကြီးများပေါ် ရေကစားမဏ္ဍပ်များကို အခွန်မကောက်ဘဲ ဆောက်လုပ်ခွင့်ပြုမည်ဟုစစ်ကောင်စီ က စည်းရုံးလျက်ရှိသည်။

ကျုံးပတ်လည်နှင့် မြို့ပေါ် မြို့နယ် ၆ ခုတွင် ရေကစားမဏ္ဍပ်များကိုအခွန်ပေးစရာမလိုဘဲ နေရာကို ဦးရာလူစနစ်နှင့် ခွင့်ပြုမည်ဟု မန္တလေးစည်ပင်က ကြေညာထားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးရှို့၊ လူသတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီက တိုင်းပြည်ပုံမှန်အခြေအနေသို့ ရောက်ရှိနေသည့် ပုံစံပြသနိုင်ရန် သင်္ကြန်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ယခင်နှစ်များကတော့ ရန်ကုန်၊ မန္တလေးအပါအဝင် စစ်ကောင်စီစစ်ရုံးချုပ် အခြေစိုက်ရာနေပြည်တော်မှာပါ အများစုဖြစ်သည့်ပြည်သူလူထု ဟာ ရေမကစားဘဲ တော်လှန်သင်္ကြန်အဖြစ် ပါဝင်ခဲ့ကြသည်။

You May Also Like

သတင်း

ပုဒ်မ ၁၇(၁) နှင့် ပုဒ်မ ၅၀၅(က)တို့နှင့်ပတ်သက် ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က သက်သေအချို့မှာ မတ်လ ၁၄ရက်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့ (မတ်လ ၁၆ရက်) နံနက်အစောပိုင်းက သရက်မြို့နယ် သမန်းပြင်ကျေးရွာမှ ဒေသခံအမျိုးသားသုံးဦးသည် တောအတွင်း ထင်းခွေသွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

မေးမြန်းခန်း

​​ဖေ​ဖော်ဝါရီ ၂၄ ရက်စပြီး စစ်​ကောင်စီတပ်က အထူးစစ်ဆင်ရေးပုံစံနဲ့ကရင်နီ(ကယား)ပြည်နယ်ကို စစ်မျက်နှာ​လေးခု ဖွင့်ပြီးထိုးစစ်ဆင်​ခဲ့ပါတယ်။ မတ်လ ဒုတိယပါတ်မှာ​တော့ စစ်ကြောင်း ၁၂ ​ကြောင်းနဲ့ စစ်​ကောင်စီတပ်သား​ထောင်ချီသုံးပြီးထိုးစစ်ဆင်လာပါတယ်။

သတင်း

စာမေးပွဲဖြေပြီးထွက်လာတဲ့ ကျောင်းသူ ၊ကျောင်းသားတွေထံ အဲဒီဝါဒဖြန့် စာစောင်တွေ ကမ်းနေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။