Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်

ယနေ့ (မတ်လ ၁၆ရက်) နံနက်အစောပိုင်းက သရက်မြို့နယ် သမန်းပြင်ကျေးရွာမှ ဒေသခံအမျိုးသားသုံးဦးသည် တောအတွင်း ထင်းခွေသွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်
သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်

မကွေးတိုင်း သရက်မြို့နယ်တွင် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိပြီး ပြည်သူသုံးဦးထိခိုက်ကာ တစ်ဦးမှာ ခြေကျင်းဝက်ပြတ်သွားကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ (မတ်လ ၁၆ရက်) နံနက်အစောပိုင်းက သရက်မြို့နယ် သမန်းပြင်ကျေးရွာမှ ဒေသခံအမျိုးသားသုံးဦးသည် တောအတွင်း ထင်းခွေသွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ တွင်းလည်ရွာ အရှေ့ဘက် ကပစ (၁၂) သိမ်းထားတဲ့ နေရာမှာ မိုင်းနင်းမိတာပါ။ နင်းမိသူနာမည်က ကိုသန်းစိန်။ စားဝတ်နေရေး ခက်ခဲသူဖြစ်ပြီး ဝါးခုတ်၊ ဖျာယက်ပြီး စားသောက်ရသူပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှပ်မိုင်းအား ဦးသန်းစိန်ဆိုသူမှ နင်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ခြေကျင်းဝက်ပြတ်သွားကာ ကျန်သူနှစ်ဦးမှာ မိုင်းစများထိမှန်၍ ထိခိုက်ဒဏ်ရာများရသွားသည်ဟု ဒေသခံများက ရှင်းပြသည်။

အထက်ပါ သမန်းပြင်ကျေးရွာနှင့် တွင်းလည်ကျေးရွာသည် တဆက်တစပ်တည်းရှိနေသည့် ကပ်လျက်ရွာဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကတည်းက တွင်းလည်ကျေးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားကာ ကျေးရွာအနီးဝန်းကျင်တွင် မိုင်းများထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။

You May Also Like

သတင်း

ပြည်တွင်း၌ တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီ က မကြာခဏ ကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးတွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် ည မထွက်ရ အမိန့်သတ်မှတ်ချက်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

သတင်း

ပုဒ်မ ၁၇(၁) နှင့် ပုဒ်မ ၅၀၅(က)တို့နှင့်ပတ်သက် ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က သက်သေအချို့မှာ မတ်လ ၁၄ရက်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

မေးမြန်းခန်း

​​ဖေ​ဖော်ဝါရီ ၂၄ ရက်စပြီး စစ်​ကောင်စီတပ်က အထူးစစ်ဆင်ရေးပုံစံနဲ့ကရင်နီ(ကယား)ပြည်နယ်ကို စစ်မျက်နှာ​လေးခု ဖွင့်ပြီးထိုးစစ်ဆင်​ခဲ့ပါတယ်။ မတ်လ ဒုတိယပါတ်မှာ​တော့ စစ်ကြောင်း ၁၂ ​ကြောင်းနဲ့ စစ်​ကောင်စီတပ်သား​ထောင်ချီသုံးပြီးထိုးစစ်ဆင်လာပါတယ်။

သတင်း

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု စစ်ကောင်စီက‌ကြေညာထားသည်။