Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ဟု KBCတာဝန်ရှိသူပြော၊ ပြန်လွှတ်ပေးရန် တောင်းဆို

ပုဒ်မ ၁၇(၁) နှင့် ပုဒ်မ ၅၀၅(က)တို့နှင့်ပတ်သက် ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က သက်သေအချို့မှာ မတ်လ ၁၄ရက်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ဟု KBCတာဝန်ရှိသူပြော၊ ပြန်လွှတ်ပေးရန် တောင်းဆို
ဒေါက်တာခလမ်ဆမ်ဆွန်၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ဟု KBCတာဝန်ရှိသူပြော၊ ပြန်လွှတ်ပေးရန် တောင်းဆို

▪️NUGနှင့် ဆက်သွယ်သည်ဟုဆိုကာ အကြမ်းဖက် ပုဒ်မဖြင့် စစ်ကောင်စီစွဲချက်တင်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)အပါအဝင် စစ်ကောင်စီက မတရားစွပ်စွဲ ပုဒ်မတပ်တရားစွဲဆိုထားရာ ပြီးခဲ့သည့်ရက်ပိုင်းက တရားရုံး၌ သက်သေခံအချို့ထွက်ဆိုပြီး အပြစ်မရှိကြောင်း ခုခံချေပခဲ့သည်ဟု KBC တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဒ်မ ၁၇(၁) နှင့် ပုဒ်မ ၅၀၅(က)တို့နှင့်ပတ်သက် ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က သက်သေအချို့မှာ မတ်လ ၁၄ရက်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ ကျွန်တော်တို့ဘက်က သက်သေခံပေးတာပေါ့။ ကျွန်တော်တို့ဘက်က တစ်ယောက်သက်သေခံပေးတာ။ ၁၇(၁)နဲ့ ၅၂(က)ကို သက်သေခံပေးတာ။ ၁၇(၁)နဲ့ ပတ်သက်တဲ့ဟာရယ် ၅၀၅(က)နဲ့ ပတ်သက်တဲ့ဟာရယ် အဲဒါကိုမဟုတ်တဲ့အကြောင်းပေါ့” ဟု KBC တာဝန်ရှိသူ က ပြောသည်။

ရုံးချိန်းကို မတ်လ ၂၁ရက်တွင် ထပ်မံ ခေါ်ယူထားသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ကတော့ ဓမ္မဆရာတွေပဲလေ။အပြစ်မရှိဘူးပေါ့ အဲဒီလိုပဲ မြင်တာပေါ့။ ကျွန်တော်တို့လည်း စာတော့တင်ပြထားတာရှိတယ်။ သူ့ကို အပြစ်မရှိတဲ့အကြောင်း လွှတ်ပေးဖို့ စာတင်ထားတာ။ကျနော်တို့ကတော့ အမြန်ဆုံးလွှတ်စေချင်တာပေါ့”ဟု KBC တာဝန်ရှိသူက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့်လည်း တရားစွဲဆိုခဲ့ရာ မတ်လ ၁၄ရက်တွင် စွဲချက်တင်ခဲ့ကြောင်း မြစ်ကြီးနားဂျာနယ်က ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာမတရားအမှုဆင်​ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

You May Also Like

သတင်း

ပြည်တွင်း၌ တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီ က မကြာခဏ ကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးတွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် ည မထွက်ရ အမိန့်သတ်မှတ်ချက်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

သတင်း

ယနေ့ (မတ်လ ၁၆ရက်) နံနက်အစောပိုင်းက သရက်မြို့နယ် သမန်းပြင်ကျေးရွာမှ ဒေသခံအမျိုးသားသုံးဦးသည် တောအတွင်း ထင်းခွေသွားစဥ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

မေးမြန်းခန်း

​​ဖေ​ဖော်ဝါရီ ၂၄ ရက်စပြီး စစ်​ကောင်စီတပ်က အထူးစစ်ဆင်ရေးပုံစံနဲ့ကရင်နီ(ကယား)ပြည်နယ်ကို စစ်မျက်နှာ​လေးခု ဖွင့်ပြီးထိုးစစ်ဆင်​ခဲ့ပါတယ်။ မတ်လ ဒုတိယပါတ်မှာ​တော့ စစ်ကြောင်း ၁၂ ​ကြောင်းနဲ့ စစ်​ကောင်စီတပ်သား​ထောင်ချီသုံးပြီးထိုးစစ်ဆင်လာပါတယ်။

သတင်း

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု စစ်ကောင်စီက‌ကြေညာထားသည်။