Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၃၅စီးပါ စစ်ကောင်စီယာဉ်တန်း လက်နက်ကြီးများပစ်ခတ်၍ မင်းတပ်သို့ဦးတည်လာနေဟု ဒေသခံပြော

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)
(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)

မကွေးတိုင်း ဆောမြို့နယ် ကျောက်အထုအမြောက် တပ်ရောက်ရှိနေသည့် စစ်ကောင်စီယာဉ် အစီး ၈၀ပါ ယာဉ်တန်းမှ ယာဉ် ၃၅စီးမှာ ယနေ့ ၂နာရီခွဲတွင် မင်းတပ်မြို့ဘက်သို့ လက်နက်ကြီးများပစ်ခတ်၍ ဦးတည် လာနေကြောင်း မင်းတပ်ဒေသခံက ပြောသည်။

ပခုက္ကူမြို့မှ ထွက်လာသည့် ယာဉ်အစီး ၈၀သည် မတ်လ ၁၂ရက်တွင် ဆောမြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မတ်လ ၁၃ရက်တွင် ကျောက်ထုအမြောက်တပ်သို့ ရောက်ရှိခဲ့သည်။ ယင်းအနက်ယာဉ်အစီး ၃၀ကျော်သည် မတ်လ ၁၄ရက်တွင် ထီးလင်းမြို့ဘက်သို့ ထွက်ခွာသွားပြီး ယနေ့တွင် ယာဉ်အစီး ၃၀ကျော်မှာ မင်းတပ်မြို့သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

“ ဖြေးဖြေးချင်းပဲ သွားကြတော့ (မင်းတပ်ကို) ညနေ မှောင်မှရောက်ကြမယ်ထင်တယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီယာဉ်တန်းက လက်နက်ကြီးများ ရမ်းပစ်ပြီးတက်လာခြင်းဖြစ်ကြောင်းလည်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ထုသို့ စစ်ယာဉ်တန်းများ ရောက်ရှိလာစဉ် မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ရမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းမှာ ဆောမြို့နယ်သို့ ဝင်ရောက်စဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းများဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

စစ်ကောင်စီယာဉ်တန်းများ ချင်းပြည်နယ်သို့ ဦးတည်နေ၍ မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF)နှင့် မတူပီ CDFတို့က မင်းတပ် – မတူပီ လမ်းအား ပြည်သူများအနေဖြင့် အသုံးမပြုရန် အသိပေးထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

သတင်း

ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

သတင်း

လမ်းလျှောက်သင်္ကြန်မတိုင်ခင်က ကျုံးဘေးပတ်လည်နေရာတွေမှာ ပေ ၁၀၀× ၂၅ပေရှိမဏ္ဍပ်တွေ ကို အနည်းဆုံးကျပ်သိန်း၁၀၀ကစတင်ပြီး လေလံစနစ်နဲ့ချထားပေးခဲ့တာလို့သိရပါတယ်။