မကွေးတိုင်း ဆောမြို့နယ်ရှိ သရက်ချဉ်ကျေးရွာမှ ဒေသခံပြည်သူ ၂၆ဦးကို စစ်ကောင်စီတပ်က ယနေ့ (ဖေဖော်ဝါရီ ၂၅ရက်) ဖမ်းဆီးသွားသည်ဟု ဆောဒေသခံက သတင်းပေးပို့သည်။
ဆောမြို့နယ် ကျောက်ထုဒေသ သရက်ချဉ်ကျေးရွာသို့ ဖေဖော်ဝါရီ ၂၄ရက်က ညအိပ်ခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် ပြန်အထွက်တွင် အမျိုးသမီး ၁၇ဦးနှင့် အမျိုးသား ၉ဦးကို ဖမ်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းလာရောက်စဉ် မပြေးနိုင်သူများဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေး သုံးဦး ပါဝင်သည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူများ၏ အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
