Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံတကာ အား NUG၊ KSCCနှင့် PNFC တို့ တိုက်တွန်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံ တကာ အား NUG၊KSCCနှင့် PNFC တို့ တိုက်တွန်း
မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံ တကာ အား NUG၊KSCCနှင့် PNFC တို့ တိုက်တွန်း

▪︎စစ်တပ်ကို နိုင်ငံအလိုက် အရေးယူနိုင်ရေး ဆောင်ရွက်ရန်၊ နိုင်ငံတကာတရားရေးအဖွဲ့များနှင့် ICC တို့က စုံစမ်းစစ်ဆေးမှုများ ချဲ့ထွင်ရန် တောင်းဆို

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားတော် လှန်ရေး အင်အားစု အားလုံးနှင့် အမြန်ဆုံးညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို လျင်မြန်စွာ အဆုံးသတ်နိုင်ရေး အစောတလျင် ဆောင်ရွက်ပေးရန် NUG၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် အတွက် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ ကြိုတင်သတိပေးခြင်း စနစ်ဆိုင်ရာ ပစ္စည်းကိရိယာများ တို့ကို ထောက်ပံ့ပေးရန် NUG၊ KSCCနှင့် PNFC တို့က တောင်းဆိုခဲ့သည်။

အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် စီးပွားရေး ပိတ်ဆို့မှု အပါအဝင် လက်နက်ခဲယမ်းတင်သွင်းရောင်းချမှု၊ စစ်ရေးတွင် အသုံးပြုနိုင်သည့် နည်းပညာပံ့ပိုးမှု၊ လေယာဉ်ဆီတင်သွင်းမှုနှင့် အကြမ်းဖက် စစ်တပ် အသုံးပြုလျက်ရှိသည့် စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းမှုများကို ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ပေးရန်လည်း တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံတကာ တရားရေးအဖွဲ့အစည်းများ နှင့် ICC အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို မြန်မာတစ်နိုင်ငံလုံးအနှံ့ ကျူးလွန်မှုများအထိ ချဲ့ထွင်စစ်ဆေးဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာ စစ်ကောင်စီနှင့် ယင်း၏ အကြမ်းဖက် စစ်တပ်ကို နိုင်ငံအလိုက် အရေးယူဆောင်ရွက်နိုင်မည့် Universal Jurisdiction တရားရုံးများ ဖော်ထုတ်ပြီး ထိရောက်စွာ လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်သူများအား အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး ၎င်းတို့ လိုချင်သော လွတ်လပ်၍ တရားမျှတသည့် နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်နိုင်ရေး ပါဝင် ပံ့ပိုး ပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်တပ်သည် အရပ်သားပြည်သူများသက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် မသန်စွမ်းတို့ပါမချန် ရက်ရက်စက်စက် သတ်ဖြတ်လျက်ရှိ၍ ဒေသခံများ အနေဖြင့်အကြမ်းဖက် စစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် အမြဲမပြတ် သိရှိစေနိုင်သည့် အစီအမံများ ဆောင်ရွက်ရန်နှင့် ဝင်ရောက်လာပါက ဘေးလွတ်ရာသို့ အလျင်အမြန် ထွက်ခွာရှောင်တိမ်းကြရန်လည်း မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

သတင်း

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

လမ်းလျှောက်သင်္ကြန်မတိုင်ခင်က ကျုံးဘေးပတ်လည်နေရာတွေမှာ ပေ ၁၀၀× ၂၅ပေရှိမဏ္ဍပ်တွေ ကို အနည်းဆုံးကျပ်သိန်း၁၀၀ကစတင်ပြီး လေလံစနစ်နဲ့ချထားပေးခဲ့တာလို့သိရပါတယ်။