Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းနှင့် စဉ့်ကူးနယ်တွင် အထိနာနေသည့် စစ်အုပ်စုက ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-စဥ့်ကူးမြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစု)
(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-စဥ့်ကူးမြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစု)

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ် နယ်စပ်၌ လေးရက်အတွင်း တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အဆိုပါနယ်ကြားတွင် မတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ စစ်ကောင်စီတပ်အား ဗိုလ်လင်းယုန်တပ်ဖွဲ့၊ စဉ့်ကူး(ပ.က.ဖ)၊ Nine PDFတပ်ဖွဲ့တို့ ပူးပေါင်းကာ မိုင်းပေါင်း ၅၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့သည်။

သပိတ်ကျင်းမြို့နယ် ငတတ်အိုင်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ချောင်းသလဲကျေးရွာကြားတွင် စစ်ကောင်စီတပ်အား ပူးပေါင်းအဖွဲ့များက မိုင်းအလုံးပေါင်း ၅၄ လုံး၊M9 လေးလုံး၊79 လေးလုံး ၊(၆၀) မမ ငါးလုံး၊ရှော့တိုက်ဒုံး နှစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် စစ်သား ၇ ဦးသေဆုံးပြီး ၃၀ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောသည်။

“ ကျောက်ကြီးဆေးရုံမှာ အခြားလူနာတွေဆင်းခိုင်းပြီး စစ်သားတွေချည့်ပဲ တင်ထားတယ်။ သေဆုံးတာတွေကို ချောင်းကြီးရဲကင်းမှာ ကားရပ်ပြီး ထမ်းချနေတာတွေ၊ တောထဲကစောင်ပခက်တွေနဲ့ထမ်းတာတွေမြင်ရတာ။” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်သည့် ကျည်ထိ၍ ချောင်းသလဲကျေးရွာရှိ နွားနှစ်ကောင်သေဆုံးပြီး နေအိမ်လေးလုံးမီးရှို့ခံခဲ့ရကြောင်း၊ ထို့အပြင် ကျေးရွာရှိနေအိမ်များအား ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

ပူးပေါင်းအဖွဲ့များ ရှင်းလင်းရေးဝင်ရာတွင် (၆၀) မမ ဒလက်လေးခု၊(၄၀) မမကျည်ခွံနှစ်ခု၊Pading ကျည်တစ်ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

You May Also Like

သတင်း

ယမန်နေ့ (မတ်လ ၁၅ရက်) နံနက် ၅ နာရီကျော်က တန့်ဆည်အရှေ့ပိုင်း အက်တောရွာအနီးတွင် ကာဘိုးကျေးရွာမှလာသော စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် နံနက် ၁၁နာရီခွဲတွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ကာ တောပုမှတစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ပြန်သွားခဲ့ကြောင်း မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

သတင်း

ကြောင်ပန်းဂိတ်၊သစ်တောရုံးများသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ အထိုင်ချ နေထိုင်သည့် ၃ထပ်တိုက်ကိုRPGဖြင့် ပစ်ခတ်ခဲ့ကြောင်း MDF - Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

လက်ရက်ကန်းစင်တစ်စင်လျှင် ​မြန်မာငွေကျပ် ၆ သိန်းနှင့် သယ်ပို့ခ ငါးသောင်းကုန်ကျကြောင်း၊ S&C အဖွဲ့မှတဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။