Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို အရေးယူဆောင်ရွက်ရန် အာဆီယံနိုင်ငံများကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာကိိုင်တွယ်ဖြေရှင်းနိုင်ရနန် အာဆီယံအနေဖြင့် ဘုံဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ရမည်ဟု မလေးရှားဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကို အရေးယူဆောင်ရွက်ရန် အာဆီယံနိုင်ငံများကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း
စစ်ကောင်စီကို အရေးယူဆောင်ရွက်ရန် အာဆီယံနိုင်ငံများကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း

စစ်ကောင်စီဦးဆောင်သည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အာဆီယံနိုင်ငံများက အရေးယူဆောင်ရွက်ရန် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ယနေ့ တိုက်တွန်းပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီးစဥ်ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်သည် Philippines-Ddiliman တက္ကသိုလ်က ပေးအပ်သည့် ဥပဒေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံရယူအပြီးတွင် အာဆီယံအသင်းကြီးအနေဖြင့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ခေတ်တိုင်း သယ်ပိုးနေရမည်ဖြစ်ကြောင်း ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဝင်မစွက်ဖက်ရေးဟာ ဥပက္ခာပြုဖို့ လိိုင်စင်မဟုတ်ပါဘူး။ သိပ်မကြာခင်က ကျွန်တော် ဘန်ကောက်မှာ ပြောခဲ့တဲ့ မြန်မာကို(အာဆီယံကနေ)ဖယ်ထုတ်ထားဖို့ဆိုတာ ဗြောင်ကျကျလူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အရေးယူခြင်းပါပဲ။ ဒါက အာဆီိယံရဲ့ အရေးပါတဲ့ စံနှုန်းတွေထဲက တစ်ခုကို ခိိုင်ခိိုင်မာမာကျယ်ကျယ်ပြန့်ပြန့်ရပ်တည်တာကိို ပြသတာပါ။ ဒီလိုမှမဟုတ်ရင် တရားမျှတမှုနဲ့ ဥပဒေစိုးမိုးရေး အကြောင်းတရားကို ထိိန်းသိိမ်းဖို့ မဖြစ်နိုင်သလောက်ပါပဲ” ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာကိိုင်တွယ်ဖြေရှင်းနိုင်ရနန် အာဆီယံအနေဖြင့် ဘုံဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ရမည်ဟု မလေးရှားဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား – GMA News

You May Also Like

သတင်း

ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

သတင်း

ချပ်သင်းတိုက်နယ်သည် အမြဲစစ်ဘေးရှောင်ရသည့် တိုက်နယ်တစ်ခုဖြစ်ပြီး အချို့ကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်နီးပါး အထိကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။