မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲ ဒီနေ့ နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ လူငယ်တစ်ဦး ဆိုင်ကယ်မောင်းနေချိန် ပစ်ခတ်ခံရလို့သေဆုံးသွားပါတယ်။
ပစ်သတ်ခံရသူဟာ ပုသိမ်ကြီးမြို့နယ် ၊အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့အသက် ၂၀ အရွယ် ကိုအောင်မျိုးမြတ်ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ကိုအောင်မျိုးမြတ် ဆိုင်ကယ်စီးလာချိန် အနောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက အနီးကပ်ပစ်ခတ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်ခံရတဲ့နေရာဟာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀ လမ်းနဲ့ ၆၂ လမ်းထောင့်မှာဖြစ်တာပါ။
ပစ်ခတ်ခံရမှုကြောင့် ညာဘက် နားထင် ထိမှန်ပြီးနေရာမှာတင်သေဆုံးသွားတယ်လို့သိရပါတယ်။
