စစ်ကောင်စီကို အရေးယူဖို့ အာဆီယံနိုင်ငံများကို မလေးရှားဝန်ကြီးချုပ်တိုက်တွန်း
စစ်ကောင်စီဦးဆောင်တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အာဆီယံနိုင်ငံများက အရေးယူဆောင်ရွက်ဖိို့ မလေးရှားဝန်ကြီီးချုပ် Anwar Ibrahim က ဒီနေ့ တိုက်တွန်းလိိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီးစဥ်ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ်ဟာ Philippines-Ddiliman တက္ကသိုလ်က ပေးအပ်တဲ့ ဥပဒေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံရယူအပြီး အာဆီယံအသင်းကြီးအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကိို ခေတ်တိုင်း သယ်ပိုးနေရမယ်လို့ ပြောပါတယ်။ အာဆီယံရဲ့ ကြားဝင်မစွက်ဖက်ရေးမူဟာ ဥပက္ခာပြုဖို့ လိုင်စင်မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ဖိလစ်ပိုင်သမ္မတ မားကိိို့စ်ဂျူနီယာနဲ့တွေ့ဆုံစဥ်မှာလည်း စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိို ထိရောက်စွာကိိုင်တွယ်ဖြေရှင်းနိုင်ဖို့ အာဆီယံအနေနဲ့ ဘုံဆုံးဖြတ်ချက် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ရမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်လို့ စာကျက်နေတဲ့ (၁၀)တန်းကျောင်းသား ညီအစ်ကိုနှစ်ဦး သေဆုံး
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် စာကျက်နေတဲ့ (၁၀)တန်း ကျောင်းသားနဲ့ ၎င်းရဲ့ ညီဖြစ်သူတို့ သေဆုံးသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း-၁၁က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ကောင်စီရဲဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်းမှာ စာကျက်နေတဲ့ (၁၀)တန်းကျောင်းသား အသက်(၁၉)နှစ်နဲဲ့ ညီဖြစ်သူ အသက်(၁၅)နှစ် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့တာလို့ ဆိိုပါတယ်။ လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ ဇရပ်အပါအဝင် ဘုရားဆင်းတုတော်များ၊ မီးစက်နဲ့ အခြားသော အသုံးအဆောင်ပစ္စည်းများစွာလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖားကန့် ရှရော်ခရွာမှ ပြည်သူ ၁၃၅ ဦးကို စစ်တပ် ဖမ်းဆီးထား
ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာကို စစ်ကောင်စီတပ်က မနေ့က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၁၃၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှရော်ခကျေးရွာကို စစ်ကောင်စီတပ်အင်အား ၅၀ ထက်မနည်းက သေနတ်များပစ်ဖောက်ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများမှာ လူငယ်အများအပြားပါဝင်နေပြီး မိန်းကလေးငယ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီနေ့ မနက်အထိ ပြန်လွတ်မလာသေးလို့ စိုးရိမ်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်များနဲ့ နီးစပ်သူမျာက ပြောပါတယ်။
မြန်မာပြည်သူများနဲဲ့အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ အိန္ဒိယကို တော်လှန်ရေးအင်အားစု ၉၄ ဖွဲဲ့ တောင်းဆို
မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းကြိုးပမ်းမှုများကို ရှုတ်ချကန့်ကွက်ကာ မြန်မာပြည်သူများနဲဲ့အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ အိန္ဒိယဗဟိုအစိုးရနဲ့ မဏိပူရ်အစိုးရသို့ ပြည်တွင်းအခြေစိုက်နဲ့ အိန္ဒိယအခြေစိုက်အဖွဲ့အစည်းပေါင်း(၉၄)ဖွဲ့က ထုတ်ပြန်တောင််းဆိုလိုက်ပါတယ်။ တောင်းဆိုချက်(၄)ချက်မှာ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ဆက်စပ်တဲ့ နိုင်ငံခြားရေးမူဝါဒအား ပြုပြင်ပြောင်းလဲဖို့၊ အသက်သေဆုံးခဲ့တဲ့ ဒဲမ်ခိုလွန်းရဲ့ တရားမျှတမှုရရှိဖို့၊ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဖို့၊ စစ်ဘေးရှောင်မြန်မာများကို အကျဥ်းထောင်များမှ ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ မဏိပူရ်ပြည်နယ်မှာ ယာယီနေထိုင်ခွင့် စစ်ဘေးရှောင်ကဒ်များ ထုတ်ပေးကာ သွားလာနေထိုင်ခွင့်ပြုဖို့ တို့ ပါဝင်ပါတယ်။


ကန့်ဘလူနယ် စစ်တပ်စခန်းကို PDFများစခန်းသိမ်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်ရှိ ချပ်ကြီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့ မနက်ပိုင်းမှာ PDFများက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ အောင်မြင်မှုရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ အောင်မြင်မှုရပေမယ့် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35 နဲ့ ပစ်ကူလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လိို့ ဆိိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေများကို အတိအကျ မသိရသေးဘူးလို့ PDF ရဲဘော်က ပြောပါတယ်။

ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပူးပေါင်းတပ်တိုက်ခိုက်
ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းနဲ့ ကော်သူလေးတပ်မတော် (KTLA) တို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးထက်မနည်းသေဆုံးတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနဲ့ ကော်သူလေးတပ်မတော် (KTLA)တို့က ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ၂ နာရီလောက်ကြာတဲ့ တိုက်ပွဲမှာ ကော့သောင်းခရိုင်တပ်ရင်း(၁)မှ ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ရှပ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တနင်္သာရီစစ်ဒေသခွဲတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ဒီနေ့ကစလို့ ညပိုင်း ယာဉ်သွားလာခြင်းမပြုဖို့ PDF အသိပေး
ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို ဒီနေ့ကစလို့ ညနေ ၆နာရီမှ နံနက် ၆နာရီအထိ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုဖိို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်လိုက်ပါတယ်။ ယာဉ်များမှာ စစ်နဲ့ပတ်သက်တဲ့ ပစ္စည်းများ သယ်ဆောင်ခွင့်မပြုဘူးလို့ အသိပေးထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း လုံး၀ခွင့်မပြုကြောင်းလည်း ဖော်ပြပါတယ်။ ထုတ်ပြန်ချက်များကို မလိုက်နာပါက ဖြစ်ပေါ် လာမယ့် ပြဿနာများကို လုံး၀တာဝန်မယူဘူးလို့ အသိပေးထားပါတယ်။

ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်က နေအိမ်၄၀၀ခန့် မီးရှို့ဖျက်ဆီးပြီး ပြည်သူသုံးဦးကို သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၄၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကုန်းရွာကိို ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းကစလိို့ မီးရှို့ခဲ့ပြီး မနေ့ကလည်း မီးဆက်ရှို့ခဲ့တာကြောင့် အိမ်ခြေ ၄၀၀ ခန့် လောင်ကျွမ်းပျက်စီးသွားပါတယ်။ ဒါ့အပြင် ကျွန်းတောမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

