NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အမေရိကန််သံရုံး၌ နွေဦးတော်လှန်ရေး (၂)နှစ်မြောက်နှင့် ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်ခံရမှု (၆)နှစ်မြောက် အခမ်းအနားပြုလုပ်ရာ NUGလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ခဲ့ကြောင်း သိရသည်။

အထက်ပါအခမ်းအနားသို့ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ငြင်းပယ်၍ မရကြောင်း၊ ထိုရာဇဝတ်မှုတွေကို အသိအမှတ်ပြုပြီး တရားမျှတမှု ရရှိနိုင်စေရေးလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်းဆွေးနွေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာများအရေးပတ်သက်ပြီး ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

ထို့အပြင် အမေရိကန် သံအမတ် Mrs. Michèle Taylor၊ အမေရိကန်အခြေစိုက် လူမျိုးသုဉ်းသတ်ဖြတ်မှု မှတ်တမ်း ပြတိုက် တာဝန်ခံ Ms. Naomi Kikoler တို့နှင့်အတူ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ ဦးထွန်းခင်တို့ကလည်း အမှာစကားပြောကြားခဲ့ကြသည်။ ယင်းအခမ်းအနားသို့ ဂျီနီဗာအခြေစိုက်သံတမန်များတက်ရောက်ခဲ့သည်ဟု သိရသည်။
