Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ထားဝယ်ခရိုင်၌ KNLAနှင့် KTLA တိုက်ပွဲဆက်ဖြစ်

KTLA တပ်သည် KNU တပ်မဟာ(၆)နယ်မြေတွင်လည်း လှုပ်ရှားမှုရှိသော်လည်း တပ်မဟာ(၄) နယ်မြေ၌ သာ တိုက်ပွဲဖြစ်ပွားမှုရှိသည်။

KNLA တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNLA တပ်သားတစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️KTLAတပ်နေရာအချို့အား KNLA တပ်မဟာ (၄) သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ထားဝယ်ခရိုင်၌ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် KNU မှ ထုတ်ပယ်ထားသည့် ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ခံ ကော်သူးလေအာမီ(KTLA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး KTLA တပ်စခန်း နေရာအချို့ကို KNLAက ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ၎င်းက ဆိုသည်။

“အဲဒီဘက်မှာ သူတို့ KTLA နေရာကို တစ်ခုချင်းတစ်ခုချင်းတက်ရှင်းနေတာပေါ့။ရှင်းတယ် ဆိုတာက မနေ့ကပြောတာတော့ ၂နေရာပဲ။ ဒါပေမဲ့ သိမ်းတယ်ဆိုတာက သူများဖယ်ပေးတာပဲ ။ မပစ်လို့ပေါ့ ပစ်လို့ရှိရင် ပစ်ခတ်မှုတော့ရှိမယ်” ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကရင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မဖြစ်သင့်ကြောင်း၊ စစ်အာဏာရှင် ဖြုတ်ချရေးကို အဓိကလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါကတော့ ကိုယ့်ကရင်အဖွဲ့အစည်းအချင်းချင်းပဲ ဒါမျိုးက မလိုလားအပ်တဲ့ကိစ္စပဲ ဘယ်ကောင်းမလဲ။ ကိုယ့်အချင်းချင်းပြဿနာနောက်မှရှင်းပေါ့”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KTLA တပ်သည် KNU တပ်မဟာ(၆)နယ်မြေတွင်လည်း လှုပ်ရှားမှုရှိသော်လည်း တပ်မဟာ(၄) နယ်မြေ၌ သာ တိုက်ပွဲဖြစ်ပွားမှုရှိသည်။

“တပ်မဟာ(၆)တို့ဆိုရင် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရှိတာပဲ။ BGFလည်းရှိတယ် DKBAလည်းရှိတယ် နောက် PCလည်းရှိတယ် KTLA လည်းရှိတာပဲ အကုန်လုံး ထိန်းလို့ရတာပဲ။ ဘိတ်-ထားဝယ်က တစ်ဖွဲ့ပဲရှိတာ သူတို့ ညှိလို့မရတာ”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

Salween Press ၏ သတင်းဖော်ပြချက်တွင် KNU တပ်မဟာ(၄)နယ်မြေ ထီးမိုပွာဒေသရှိ ခေမခီးဆိုသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားရာ KTLA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး KNU တပ်မဟာ(၄) မှ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီအတွင်းက KTLA မှ ဗိုလ်စောအယ်ခွီး ခေါ် ဗိုလ်ကော်လာဖိုးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်မဟာ(၄)မှ မြို့နယ် ကော်မတီဝင်တစ်ဦးနှင့် ဒုတပ်ရင်းမှူးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း KNU ဘက်က ပြောဆိုထားသည်။

ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်ဖြစ်သော်လည်း ဝေါ်လေဒေသရှိတံတားလုပ်ငန်းခွင်မှ အရပ်သားများသေဆုံးမှု ဖြစ်စဉ်၌ KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံခြင်း၊ KTLA ဖွဲ့စည်းခြင်းတို့ကြောင့် အဖွဲ့မှ ထုတ်ပယ်ခံထားရခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ရှိ ဗိုလ်စောအယ်ခွီးခေါ် ဗိုလ်ကော်လာဖိုးသည်လည်း တပ်မဟာ(၄) နယ်မြေတွင် KNU၏ အုပ်ချုပ်ရေးကို နှောက်ယှက်ခြင်း၊ အရပ်သားများကို ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း တို့ ကျူးလွန်ခဲ့ကြောင်း KNU ဗဟို တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

KNU အနေဖြင့် တော်လှန်ရေးကာလ ဖြစ်သည့်တိုင် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာရန် မူဝါဒချမှတ်ထားကြောင်း၊ အရပ်သား ပစ်မှတ်များအား တိုက်ခိုက်ခြင်းအား လက်သင့်မခံနိုင်ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်သည် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ဌာနချုပ် ဥကရစ်ခီး စခန်းနှင့် ကိုက် ၁၀၀ကျော်သာ ဝေးသည်ဟု KICက ဖော်ပြထားသည်။

သတင်း

ယနေ့ ကာလသည် စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်၍ ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ယင်းသို့ ဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ ဖြစ်ရကြောင်း IKOက ဆိုသည်။

သတင်း

KNU ကော်သူးလေအုပ်ချုပ်နယ်မြေခရိုင် (၇) ခရိုင်အတွင်း နေထိုင်သောအပြစ်မဲ့အရပ်သား ပြည်သူများအားပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၃၀၇)ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သတင်း

KTLAနှင့် KNLA ဘက်မှ အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် အလေးထားတိုက်တွန်းကြောင်း လည်းရ၎ဖော်ပြထားသည်။