Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလူးဝေါ်လေလမ်း၌ စစ်ကောင်စီယာဉ်တန်း ကော်ဘရာစစ်ကြောင်းတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေ

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဥ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့် ဖလူးဝေါ်လေလမ်း ဝင်ရောက် လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ စစ်ကြောင်းက အသိပေးသည်။

ယနေ့(ဖေဖော်ဝါရီ ၂၂ရက်)နေ့လည် ၂နာရီ၁၀မိနစ်တွင် စစ်ကောင်စီ၏ (၅၈၅) တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ် သုံးစီးသည်ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေသော ဖလူးဝေါ်လေလမ်းမမှ ဖြတ်သန်းစဥ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်။

“တိုက်ပွဲမှာ ၁၅မိနစ်ခန့်သာ ကြာခဲ့သော်လည်း ရန်သူဘက်မှ ဗိုလ်မှူး(၁)ဦးနှင့် အခြားအဆင့်(၁)ဦးး သေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရခဲ့သည်”ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေတွင်လည်း တိုက်ခိုက်ခံနေရသည်။ KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ထီးကပလယ်စစ်ကောင်စီတပ်စခန်းကုန်းကို KNDO တပ်ရင်း(၈)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ယခုရက်ပိုင်း တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်မှ စခန်းမစွန့်လွှတ်ရရေးအတွက် ခုခံနေရကြောင်း သတင်းရရှိသည်။

ထို့အပြင် လေကြောင်းပစ်ကူများ၊လက်နက်ကြီးများဖြင့် ပြန်လည်ခုခံနေရသည့်အပြင် အတွဲလိုက်ပစ် (၁၂၂)မမ မစ်ဇိုင်းဒုံးများကိုပါ အသုံးပြုခုခံနေရကြောင်းသိရသည်။

Facebook

You May Also Like

သတင်း

ဖေဖော်ဝါရီ ၂၁ ရက် ည၈နာရီခန့်က မုံရွာမြို့၊အမြင့်လမ်းထိပ် လဝကရုံးအဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က အသိပေးသည်။

သတင်း

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ ၏ တပ်ရင်းတပ်ခွဲတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် အရေးပေါ် လက်နက် ခဲယမ်း များစွာလိုအပ်နေကြောင်း သိရသည်။

သတင်း

KIA တပ်မဟာ(၃) တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နယ်တွင်လည်း ခြေလျင်လှုပ်ရှားလာသည့် စစ်ကောင်စီတပ် အင်အား ၃၀ ကျော်တပ်ဖွဲ့ကို KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

သတင်း

သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယ​နေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။