မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊တူးရင်းဘိုကျေးရွာ ကျေးလက်ဆေးပေးခန်းမှ အငြိမ်းစားသားဖွားဆရာမနဲ့သားဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဆေးခန်းအတွင်းရှိနေစဉ်အတွင်း ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်ကယ် ၂စီးနဲ့ ရောက်လာတဲ့ လူ၅ဦးကဝင်ရောက်ပစ်ခတ်သွားတာပါ။
ပစ်ခံရသူသားအမိမှာ သားဖြစ်သူဟာ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံထားရသူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
” သားဖြစ်သူက သတင်းပေးလို့ နာမည်ထွက်နေတာလည်းကြာနေပြီ၊ ပျူတွေကိုလက်ခံတာတွေလည်းလုပ်တယ်” လို့ မြင်းခြံဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုကို မည်သည့်အဖွဲ့ကပြုလုပ်တယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
ပစ်ခတ်ခံရလို့သေဆုံးသွားတဲ့ အငြိမ်းစားသားဖွားဆရာမဟာ အသက် ၆၃နှစ်အရွယ်ရှိပြီး သားဖြစ်သူကတော့ အသက် ၄၀ အရွယ်ရှိပါပြီ။
