▪︎”ဝင်လာတဲ့ စစ်သားတွေကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်၊ ကျွန်တော်တို့က စစ်တပ်ကို တိုက်နေတာ မဟုတ်ဘူး၊ အာဏာရှင်တိုက်နေတာလို အသိပေးချင်ပါတယ်”
CDF-Senthangတာဝန်ရှိသူ
ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ၂၆၆ တပ်ရင်းမှ စစ်သားနှစ်ဦးသည် လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း CDF-Senthang က သတင်းထုတ်ပြန်သည်။
လာရောက်ပူးပေါင်းသည့် ပြည်သူ့စစ်သားများကို CDF-Senthangက နွေးထွေးကြိုဆိုကြောင်းနှင့်ထိုက်တန်သော ဆုကြေးများကိုချီးမြှင့်ပြီး လုံခြုံသည့်နေရပ်သို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟုအသိပေးထားသည်။

အဆိုပါစစ်သားနှစ်ဦးသည် MA2 တစ်လက်၊ ကျည် ၊ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု သိရသည်။
“ဝင်လာတဲ့ စစ်သားတွေကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်၊ ကျွန်တော်တို့က စစ်တပ်ကို တိုက်နေတာ မဟုတ်ဘူး၊ အာဏာရှင်တိုက်နေတာလို အသိပေးချင်ပါတယ်”ဟု CDF-Senthangတာဝန်ရှိသူကပြောသည်။
လက်ရှိတွင် CDF-Senthang ထံမှတစ်ဆင့် ရဲတစ်ဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း၎င်းကဆက်ပြောသည်။
