Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုထောင်တွင်းနှိပ်စက်မှု သတင်းပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို သက်သေထွက်ဆိုခွင့်ပိတ်ထား

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ရက်က အိုးဘိုအကျဉ်းထောင် အမျိုးသမီး အိပ်ဆောင် (၁)နဲ့ အိပ်ဆောင် (၅)မှာ အမျိုးသမီးအချို့ အချင်းများတာကိုထောင်အာဏာပိုင်တွေကမဖြေရှင်းပေးဘဲ အကျဉ်ထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။

အိုးဘိုထောင်တွင်းနှိပ်စက်မှု သတင်းပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို သက်သေထွက်ဆိုခွင့်ပိတ်ထား
အိုးဘိုထောင်တွင်းနှိပ်စက်မှု သတင်းပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို သက်သေထွက်ဆိုခွင့်ပိတ်ထား

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ဖေဖော်ဝါရီလ ဆန်းပိုင်းက ရိုက်နှက်ခံရတဲ့သတင်းကို ပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို ထောင်တွင်းတရားခွင်ဆီ သက်သေသွားရောက်ထွက်ဆိုခွင့်ပိတ်ထားတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ရိုက်နှက်မှုဟာ ဖေဖော်ဝါရီလ ပထမ ပတ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး အချုပ်ကျသူတွေ ထောင်တွင်းတရားခွင်ဆီ သက်သေထွက်ဆိုခွင့်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ က ပိတ်လိုက်တာပါ။

” သက်သေထွက်ဆိုမယ့် အချုပ်သားတွေကိုပါ ပေးမထုတ်တော့ဘူး”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

အရေးကြီးတဲ့အမှုတွေမှာတော့ အချုပ်သားသက်သေတွေကို အွန်လိုင်းကတဆင့် ရုံးထုတ်မေးမြန်းတာရှိနေပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ရက်က အိုးဘိုအကျဉ်းထောင် အမျိုးသမီး အိပ်ဆောင် (၁)နဲ့ အိပ်ဆောင် (၅)မှာ အမျိုးသမီးအချို့ အချင်းများတာကိုထောင်အာဏာပိုင်တွေကမဖြေရှင်းပေးဘဲ အကျဉ်ထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။

အကြမ်းဖက်ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသူအမျိုးသမီး ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ရိုက်နှက်ခံရသူ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူဦးရေဟာ ၇၀ ကျော် ရှိခဲ့ပြီး တိုက်ပိတ်ခံထားရသူတွေ လည်းရှိနေတယ်လို့သတင်းထွက်နေပါတယ်။

You May Also Like

သတင်း

အလားတူ အိုးဘိုအကျဥ်းထောင် အိပ်ဆောင် (၄)သို့ အသစ်ရောက်ရှိလာသော နိုင်ကျဥ်းအမျိုးသမီးတစ်ဦးကို ရိုက်နှက်သည့်အပြင် အိပ်ဆောင် (၅)မှ အကျဥ်းသူများကိုလည်း စစ်ကောင်စီ ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အမျိုးသမီး အိပ်ဆောင် ၁ နဲ့ အိပ်ဆောင် ၂ တို့ကို ထောင်ဝန်ထမ်းတွေက ဝင်ရိုက်တာပါ။

သတင်း

အဲဒီနိုင်ကျဉ်းဟာ CDM ဝန်ထမ်းဖြစ်ပြီး အင်းစိန်ထောင်ကနေ ထောင်ရွှေ့ခံရသူဖြစ်တယ်လို့ ထောင်တွင်းကပေးပို့လာတဲ့ စာမှာတွေ့ရပါတယ်။

သတင်း

နိုဝင်ဘာလ ၇ ရက် ညပိုင်း ၈ နာရီခန့်မှာ ဆုံးပါးသွားတာလို့ မန္တလေးရဲ့တော်လှန်ရေးမြေပြင်ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ VOMDY က အသိပေးဖော်ပြပါတယ်။