ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်သား ၂ဦးကို တိုက်ခိုက်ခဲ့ရာ ၂ဦးလုံးသေဆုံး ခဲ့ကြောင်းဟားခါးချင်းကာကွယ်ရေးတပ်(CDF)ကချင်းဘာသာဖြင့်ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို The Chin Journal က ဗမာ ဘာသာဖြင့် ဖော်ပြထားရာယနေ့(ဇန်နဝါရီ ၂၅ရက် )မနက်ပိုင်းတွင် ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၂ဦးသေဆုံးသည့်အပြင်လက်နက် ၁လက်ရရှိခဲ့သည်ဟုပါရှိသည်။
သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၂ဦးသည် ကျော်ဘုတ်ရပ်ကွက် စစ်ကောင်စီ ဂိတ်စောင့်တပ်သားများကို ထမင်းလိုက်ပို့သည့် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်ထံမှ ရရှိခဲ့သည့် လက်နက်ကိုလည်း ဟားခါး CDFက ထုတ်ပြန်ပြသခဲ့သည်။
