Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်စပ် ကရင်နီတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

SSS (Southern Shan State) ပြည့်သူ့စစ်နယ်ဖြတ်ပြီးဆင်းလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)တို့ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ကရင်နီတပ်မတော်(KA)ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Kn A.C
ကရင်နီတပ်မတော်(KA)ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Kn A.C

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အနည်းဆုံးငါးဦးသေဆုံးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့ KMICက ယနေ့ထုတ်ပြန်သည်။

SSS (Southern Shan State) ပြည့်သူ့စစ်နယ်ဖြတ်ပြီးဆင်းလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)တို့ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ကရင်နီတပ်မတော်အမှတ်(၃)တပ်ရင်းနှင့် ရှမ်းပြည် ဟွေဟ မှဆင်းလာသော စစ်ကောင်စီတပ်တို့ ရှမ်း – ကရင်နီနယ်စပ်တွင် ၁နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေဆုံးခဲ့ပြီး ဒဏ်ရာများစွာရရှိခဲ့ကြောင်း KMICက ပြောသည်။

“တိုက်ပွဲ ဖြစ်တာမှန်တယ်။ ၁နာရီနည်းပါးလောက် တော့ကြာမယ်ထင်တယ်၊ ပထဆုံးစပစ်တာအသံကြီးတယ်၊နောက်တော့ လက်နက်ငယ်သံတွေလက်နက်ကြီးသံတွေ ဆက်တိုက်ကြားရပါတယ်၊ ကျွန်တော်တို့အလုပ်လုပ်တဲ့နေရာနဲ့ သိပ်မဝေးပါဘူး၊နောက် ပြီးဖြစ်တာက တောင်ကျောပေါ်မှာဆိုတော့ အထင်း သားကြားရတယ်”ဟု တိုက်ပွဲ ဖြစ်စဥ်အပေါ် ဒေသခံတစ်ဦးက အတည်ပြုသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော် – ရှားတော နယ်စပ်အထိရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်ရန် အခြေ အနေမပေးသဖြင့် ယခုကဲ့သို့ရှမ်းပြည်ဖက်မှ ပို့ဆောင်ရန်စီစဉ်နေခြင်းဖြစ်သည်ဟု KAက ယူဆသည်။

၁၉၉၄ ကတည်းက အပစ်အခတ်ရပ်စဲထားပြီး ရှမ်းပြည်တောင်ပိုင်း ရှမ်း – ကရင်နီနယ်စပ်တွင် ပြည်သူ့စစ်အဖွဲ့အဖြင့် ခံယူထားသည့် SSSရှမ်းလက်နက်ကိုင်အဖွဲ့၏ နယ်မြေကိုဖြတ်သန်းကာ ကရင်နီ -ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်တို့၏ အမာခံစခန်းကိုလက်နက်ခဲယမ်းများ ပို့ဆောင်ရန် စီစဉ်နေခြင်းဟု အသိပေးသည်။

ဟွေဟဆိုသည့် SSS၏ အခြေပြုရာစခန်းတွင် မော်တော်ယာဉ်(၁၃)စီးနှင့် စစ်အင်အား ၂၀၀ ခန့်တို့သည် လွန်ခဲ့သည့် ဖေဖော်ဝါရီပထမပတ်တွင် ရောက်ရှိပြီး ယခုအခါ ကရင်နီဖက်သို့ ဝင်ရောက်ရန်စီစဉ်နေကြောင်းလည်း စစ်ဖက်ဆိုင်ရာသတင်းများကို KMIC က ဖော်ပြသည်။

You May Also Like

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၁၅)ည ၉ နာရီခွဲခန့်က ကပစ (၁၂)တပ်ဝင်းအတွင်းသို့ (၉၀) မမ ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ တပ်ဝန်းအတွင်းရှိ လူပျိုဆောင်နှင့် အရာရှိရိပ်သာကြားတွင် ကျရောက်ပေါက်ကွဲသွားသည်ဟု တပ်ရင်း (၄)က ပြောသည်။

သတင်း

ကနီမြို့ တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှာ ပညာရေး(၁၁)ဟု ခေါ်သော လက်ရုံးတပ်ဖြစ်ပြီး ဗိုလ်မှူးကျော်သန့်နိုင်ဆိုသူဦးစီးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

သတင်း

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် တစ်ပတ်အတွင်းကျေးရွာ၁၀ရွာထက် မနည်းစစ်ကြောင်းထိုးခဲ့သည်။

သတင်း

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာ လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၃ နှစ်ချခံရတဲ့ အဂတိ အမှု ၂ မှု ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတက်ခဲ့တာပါ။