လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချထားတဲ့အမှု ၂ မှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အယူခံတက်ရာ စစ်ကောင်စီ တရားလွှတ်တော်ချုပ်က အယူခံတက်ခွင့်မပေးဘဲ ပယ်ချလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို လက်မခံဘဲ မနေ့က ပယ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာ လက်ခံခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၃ နှစ်ချခံရတဲ့ အဂတိ အမှု ၂ မှု ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတက်ခဲ့တာပါ။
အမှုကို ရင်ဆိုင်ရချိန်ကတည်းက လာဘ်စားတာမရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ တရားခွင်မှာထုချေထားပါတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချထားတာဖြစ်ပါတယ်။
ဓာတ်ပုံ − စေပိုင်ကုမ္ပဏီ
