မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ဖို့ NUG အစိုးရ နဲ့ ဗြိတိန်အစိုးရ တို့ ကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးမှုကို မနေ့က ဖေဖော်ဝါရီလ ၆ ရက်မှာပြုလုပ်လိုက်ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး တို့ လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။


တွေ့ဆုံမှုမှာ မြန်မာ့အရေး ၂ နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ၊အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့နဲ့ လူနည်းစုအရေးတွေကို ဆွေးနွေးကြတယ်လို့NUG ဘက်က သတင်းထုတ်ပါတယ်။
ဗြိတိန်အစိုးရဟာ စစ်အာဏာသိမ်းကို ရှုတ်ချထားသလို စစ်ကောင်စီခေါင်းဆောင်တွေကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်ထားပါတယ်။
