“ကျွန်တော်နဲ့ကျွန်တော့်အကို”ဟူသောစာလေးဖြင့် နွေဦးတော်လှန်ရေးတွင်ခြေနှစ်ဖက်စီ ဆုံးရှုံးထားရသော်လည်းတက်ကြွစွာရယ်မောနေသည့်လူငယ်နှစ်ဦး၏ဓာတ်ပုံကဖေစ်ဘွခ်လူမှုကွန်ယက်တွင်မြင်တွေ့ရသူအပေါင်း၏ စိတ်နှလုံးကို ဆွဲကိုင်လှုပ်ယမ်းလိုက်သည်။
အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်ကိုခုခံတော်လှန်နေသည့် မြန်မာလူငယ်များ၏ စိတ်ဓာတ်ကိုထိုဓာတ်ပုံက ပို၍ထင်သာမြင်သာရှိစေသည်။ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရမည့်အများ နှစ် ၆၀ ကျော်ကြာဖန်တရာထေ အကြောင်းပြချက်မျိုးစုံဖြင့် ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် အကြိမ်ကြမ်အာဏာသိမ်းစစ်ကျွန်ပြုနေသောစစ်ဗိုလ်ချုပ်နှင့် ၎င်း၏နောက်လိုက်စစ်သားကို ဖြုတ်ချရန်နွေဦးတောိလှန်ရေးတွင်လူငယ်များ၏ စွန့်လွတ်စွန့်စားမှုနှင့် စိတ်ဓါတ်ခိုင်ကျည်မြဲမြံမှုကို အဆိုပါလူငယ်နှစ်ဦးကိုကြည့်ရင်းတွေ့မြင်နိုင်သည်။
ဓာတ်ပုံပါသူ လူငယ်နှစ်ဦးစလုံးမှာ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ပြီးနွေဦးတော်လှန်ရေးတွင် နှစ်ဦးစလုံးမှာခြေထောက်နှစ်ဖက် စလုံးစီဆုံးရှုံးထားသည်။
“ရဲဘော်နှစ်ဦးစလုံး အသက် တွေက ၂၀ တောင်မပြည့်ကြသေးဘူးလေ။ဒါပေမယ့် သူတို့အနာဂတ်တွေပုံပေးထားပြီးပါပြီ”ဟုဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကPeople’s Springသို့ပြောသည်။
အနက်ရောင် ရောင်ဝတ်ဆင်ထားသည့် ရဲဘော်မှာ ၂၀၂၂ ခုနှစ် မေလအတွင်းဒီးမော့ဆိုမြို့နယ် တိုက် ပွဲ၌ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ အကျီအပြာရောင်ဝတ်ထားသည့် ရဲဘော် ခွန်းဂျိုးဝါးနီလင်းသည် ယခင်နှစ် ဒီဇင်ဘာ ၁ ရက်က ဒီးမော့ဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဥ် စစ်ကောင် စီထောင်ထား သည့် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“စွန့်လွှတ်နိုင်သူ၊စွန့်လွှတ်ရဲ့သူတွေက ပြုံးနိုင်ပေမယ့်မစွန့်လွှတ်နိုင်သူ၊မစွန့်လွှတ်ရဲသူတွေက မျက်နှာပူမိနေသလို လိပ်ပြာလုံလုံမပြုံးနိုင်ပါဘူး။အားလဲနာရတယ်။အမြဲ လေးစားဦးညွတ်နေတယ်။ ကျေးဇူးတရားတွေ မမေ့ပါဘူး”ဟု အဆိုပါဓာတ်ပုံအပေါ် ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
ထို့အပြင် ကိုယ်လက်အဂါများ စွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ ရဲဘော်များ၏ အနာဂတ်အတွက် ကြိုတင်စီစဥ် ရန်လည်း ပြည်သူအချို့က မှတ်ချက်ပြုသည်။
“အားနာလိုက်တာ ဗျာ။ တကယ်လဲ ရှက်မိပါတယ် ကိုယ့်ကိုယ်ကို” ဟုပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။
