မန္တလေးမြို့၊ (ဒေါ်) အောင်ဆန်းစုကြည်လမ်းတောင်ဘက်တွင် စစ်တပ်သိမ်းယူထားသည့် မြေကွက်များကိုနွေဦးတော်လှန်ရေးအတွက်ရောင်းချနေရာ ဒေါ်လာ ၂ ဒသမ ၄ သန်းဖိုးကို ပြည်သူတစ်ဦးတည်းက ဝယ်ယူသွားကြောင်း NUG၏ မြေကွက်ရောင်းချရေးအဖွဲ့(EOD)က ယနေ့ထုတ်ပြန်သည်။
ထိုမြေကွက်များသည် (ဒေါ်)အောင်ဆန်းစုကြည်လမ်း တောင်ဘက်တွင် စစ်တပ်က မတရားသိမ်းယူထားသည့်မြေနေရာတွင်ဖော်ဆောင်သည့် “နွေဦးနှင်းဆီ” စီမံကိန်းအမည်ဖြင့် ပေ၁၀၀ ပတ်လည် မြေကွက်ပေါင်း ၂၀ ကိုအကွက်ဖော်ရောင်းချရာ ပြည်သူတစ်ဦးထဲက လက်ကျန် မြေကွက် ၁၀ ကွက်လုံးကို ဝယ်ယူသွားခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။
ထိုမြေကွက်များသည်တော်လှန်ရေးကာလအတွင်း တစ်ကွက်ကို ဒေါ်လာ ၂၄၀,၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး မြေကွက် ၁၀ကွက်အတွက် ဒေါ်လာ ၁ ဒသမ ၄သန်းပေးသွင်းရမည်ဖြစ်သည်။
“တော်လှန်ရေးမှာ ရွှေမန်းသူ ရွှေမန်းသားတွေ ဘယ်တော့မှ နောက်ကျ မကျန်ခဲ့ဘူး ဆိုတာကို ထပ်မံသက်သေ ပြလိုက်တာပါပဲ။”ဟု NUG ရှယ်ယာရောင်းချရေးအဖွဲ့ EODကထုတ်ပြန်ထားသည်။
ထိုမြေကွက်ကများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ရောင်းချခဲ့ပြီး ယခုရောင်းရသည့်မြေကွက် ၁၀ ကွက်သည့် နောက်ဆုံးကျန်သည့်မြေကွက်များဖြစ်သည်ဟုသိရသည်။
“တော်လှန်ရေးကို နိုင်မယ်ဆိုတာ ယုံကြည်လို ဝယ်ယူကြတာပါ”ဟု မြေကွက်ရောင်းချရေးအရောင်း ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။
“ပြည်တော်ဝင်ပြီး နန်းသိမ်းမယ်”ကြွေးကြော်သံဖြင့် မန္တလေးမြို့၊ မဟာအောင်မြေရှိ အောင်ဆန်းစုကြည်လမ်းတောင်ဘက်ရှိ မြေကွက်ကို ၂၀ ကို တစ်ကွက်ကို ဒေါ်လာ ၆သိန်းဖြင့် NUGက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ်ရောင်းချခဲ့ခြင်းဖြစ်သည်။
