မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို အဝေးရောက်မြိုင်နယ်သားတစ်ဦးက တော်လှန်ရေးအတွက်သုံးစွဲရန် ငွေကျပ်သိန်းငါးဆယ်လှူဒါန်းခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။
ရန်ကြီးအောင်ဟု အမည်ဝှက်ပေးထားသူက မြိုင်ပကဖတာဝန်ခံ ကိုလယျာ်ထံသို့ တော်လှန်ရေးအရှိန် အဟုန်မြှင့်တင်ရန်နှင့် လက်နက်ခဲယမ်းဝယ်ယူရန် ငွေကျပ်သိန်း ငါးဆယ်တိတိ လာရောက်လှူဒါန်းခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ခဲ့သည်။

“သူကလှူဖို့စီစဥ်နေတာတော့ကြာပါပြီ။ သူကတခြားအဖွဲ့တွေကော ခွဲပြီးလှူတာပါ။ အဝေးရောက်မြိုင်နယ်သားပါ။”ဟု ကိုလယျာ်က ပြောသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တော်လှန်ရေးအဖွဲ့များအား ဒေသခံပြည်သူများက အိမ်ဝိုင်းများ၊ ကားဆိုင်ကယ်များ၊ လက်ဝတ်ရတနာများပါ ရောင်းချပြီး လှူဒါန်းနေသည်။
