မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စျေးဝယ်ပြန်လာသည့် ပျူစောထီးအဖွဲ့ရိက္ခာယာဉ်အား တိုက်ခိုက်ရာ ပျူနှစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၀ရက်)မွန်းလွဲ ၁ နာရီခန့်က မြိုင်မြို့ပေါ်မှ သရက်ခွရွာသို့ ပြန်လာသော ပျူစောထီးအဖွဲ့၏ ရိက္ခာယာဉ်အား စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူ နှစ်ဦးသေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။
“ကားပေါ်ပါလာတဲ့ ပျူမတစ်ကောင် လည်ပင်းဖောက်မှန်သွားတယ်။”ဟု ကိုလယျာ်က ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ -၁ ၊ တပ်ခွဲ -၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ -၃ ( တရုတ်ကြီး) ၊ တပ်ခွဲ -၄ ( စက်ြာ) ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) ၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ MVPRF၊ Hero New GZ ၊ Myaing warriors ၊မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ၊ ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဇန်နဝါရီ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
