မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စျေးဝယ်ထွက်ချိန် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း God of Burmese Army –GOBA အဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးက ပြောသည်။
ယနေ့(ဒီဇင်ဘာ ၁ရက်)နံနက် ၇နာရီခွဲခန့်က ကိုင်းတောမ တိုက်နယ်ဆေးရုံအနီးရှိ စာသင်ကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်များရောက်ရှိလာချိန် စလစ်မိုင်းအကြီး (၂)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အလောင်းများကိုဆွဲယူကာ ပြန်ဆုတ်သွားခဲ့ကြောင်း GOBA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးက ပြောကြားသည်။
“သူတို့က ၁၀ဦးရှိတာ။ လေးဦး ဈေးဝယ်လာတာ။သူတို့ဘက်က သေနတ်သုံးချက်ဖောက်တယ်”ဟု ဗိုလ်မိုးကြိုးက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို God of Burmese Army –GOBA ဗိုလ်မိုးကြိုးတပ်ဖွဲ့နှင့်အတူ မြိုင်(ပကဖ ) တပ်ရင်း(၁)၊ တပ်ခွဲ -၂ ဂဠုန်တပ်ဖွဲ့၊ ဗိုလ်တက်တူအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထား သည်။
