ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းMNDAAကထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်စကခတပ်မဟာ (၁၆) တပ်ရင်း ၅၆၈ နှင့်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၂၁၁) တပ်ဖွဲ့တို့ပထမ အထူးဇုံသိန်နီခရိုင်အကြားတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကို မသိရသေးဘဲ MNDAA တပ်မှ ရဲဘော် တစ်ဦး ကျဆုံးကာ ၄ဦးဒဏ်ရာရခဲ့ကြာင်း အသိပေးထားသည်။
MNDAAနှင့် စစ်ကောင်စီတပ်သည် ရှမ်းမြောက် သိန္နီ၊ လားရှိုး၊ မုံးကိုးနှင့် ချင်းရွှေဟော်ဒေသများ၌ တိုက်ပွဲများမကြာခဏဖြစ်ခဲ့သည်။
