မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပျူစောထီးစခန်းနှင့် ပခန်းကြီးရဲစခန်းအား တပြိုက်နက်တိုက်ခိုက်ခဲ့ရာ ရဲမေတစ်ဦးသေဆုံးကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ် (ပ.က.ဖ)က သတင်းထုတ်ပြန်သည်။
ယနေ့ (ဒီဇင်ဘာ ၃၁ရက်) နံနက် ၅ နာရီခန့်က ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာရှိ ပျူစောထီးစခန်းနှင့် ပခန်းကြီးရဲစခန်းအား တပြိုင်နက်ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း ရေစကြို(ပကဖ) က အသိပေးသည်။
ပခန်းကြီးရဲစခန်းအား သိမ်းပိုက်နိုင်ရန် အလွန်နီးကပ်နေချိန်တွင် ပဒေသာမိုင်းများဖြင့် လမ်းကြောင်းဖြတ်တောက်သော်လည်းမိုးလင်းချိန်တွင် စစ်သားနှင့်ပျူ စစ်ကူများရောက်ရှိလာသော ကြောင့် ဆုတ်ခွာပေးခဲ့ကြောင်း ရေစကြို(ပကဖ) က ဆိုသည်။

ပခန်းကြီးစခန်းတိုက်ခိုက်မှုတွင် ရဲမေတစ်ဦးနေရာတွင် သေဆုံးပြီး ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း ရေစကြို(ပကဖ)က ထပ်မံအသိပေးသည်။
ဂွေးချိုပျူရွာရှိ ပျူများထိခိုက်မှုကိုလည်း ဆက်လက်စုံစမ်းလျက်ရှိကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိကြောင်း ရေစကြိုပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြိုပဖကအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Tesk Force (SSTF)၊မြိုင် ပ.ကဖ တပ်ရင်း ( ၂) ၊Myanmar Royal Dragon Army (MRDA) ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
