စစ်ကောင်စီတပ်နှစ်ကြိမ်တိုင်တိုင်မီးရှို့ခဲ့သည့် ရေစကြိုမြို့နယ်၊ ဗြိဘရွာတွင် ပြည်လည်ထူထောင်ရန် အကူအညီများလိုအပ်နေသည်ဟု ဒေသခံများကပြောသည်။
ဗြိဘရွာကို ၂၀၂၂ ဇူလိုင်လ ၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။
“အိမ်ပြန်ဆောက်ဖို့ကော စားဝတ်နေရေးကိုအခက်အခဲဖြစ်နေတာပါ”ဟုအိမ်မီးရှို့ခံရသည့် ဗြိဘရွာသားတစ်ဦးကပြောသည်။




စစ်ကောင်စီတပ်ကနေအိမ်များကို ပြာကျအောင်မီးလောင်အောင် ရှို့ခဲ့ခြင်းဖြစ်သည်။ ဗြိဘရွာသည် အိမ်ခြေ ၅၀၀ကျော်ရှိပြီး လူဦးရေ ၃၀၀၀ကျော်နေထိုင်ခဲ့သောရွာဖြစ်သည်။
ဗြိဘရွာအနီးနားရှိကျေးရွာများတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ခြင်းကြောင့် ကျေးရွာအချင်းချင်းပြန်လည်ကူညီရန်လည်း အခက်အခဲများဖြစ်နေသည်ဟုမီးဘေးသင့်ပြည်သူများကပြောသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ ရက် ဗြိဘရွာကို ဒုတိယအကြိမ်မီးရှို့ရွာ အိမ်ခြေ ၇၀ကျော်မီးလောင်ခဲ့ပြီး ဇူလိုင်လက မီးရှို့ခဲ့ရာတွင် အိမ်ခြေ ၂၀ကျော်မီးလောင်ခဲ့သည်။
ဇူလိုင် ၂ ရက် မနက် ၁၀နာရီတွင်ဗြိဘရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်များနှင့် မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်တွင် ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်တွင်စစ်ကောင်စီတပ်ကရွာကိုမီးရှို့ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကျေးရွာအတွင်း ပိတ်မိနေပြီးနောက် ဗြိဘရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
