မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ မြဝတီဘဏ်ရှေ့ လုံခြုံရေးဂိတ်ဟာ မနေ့က ဒီဇင်ဘာလ ၂၆ ရက်ညနေပိုင်းမှာ တိုက်ခိုက်ခံလိုက်ရပါတယ်။
ကျွဲဆည်ကန် ကားကွင်းဟောင်းရဲ့အနောက်ဘက် ၁၁၅ လမ်းပေါ်မှာရှိတဲ့ မြဝတီဘဏ် လုံခြုံရေးဂိတ်ကို ညနေပိုင် ၅ နာရီဝန်းကျင်မှာ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အဲဒီဘဏ် အနီးအနားနေထိုင်သူအချို့က ပေါက်ကွဲသံနဲ့အမှု ပစ်ခတ်သံတွေပါ နောက်ဆက်တွဲကြားလိုက်ရတယ်လို့ပြောပြပါတယ်။
ဒါအပြင် ဘဏ်ရှေ့လမ်းမတစ်ခြမ်းကိုပိတ်ထားရာကနေ တိုက်ခိုက်ခံရပြီးနောက် လမ်းကိုပိတ်ချလိုက်တယ်လို့သိရပါတယ်။
မြဝတီဘဏ် တိုက်ခိုက်မခံရခင် ဒီဇင်ဘာလ ၂၅ ရက်မှာ မန္တလေး အောင်မြေသာစံမြို့နယ်ထဲက မြန်မာ့စီးပွားရေးဘဏ် ရဲ့လုံခြုံရေးဂိတ် လည်း ဗုံးနဲ့တိုက်ခိုက်ခံရပါသေးတယ်။
